မိဘကိုလုပ်ကြွေးပြုစုနေတဲ့ အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး မု ဒိ န် းကျင့်ပြီး…see more

ရွှေဘို၊ ဇန်နဝါရီ (၁၃)ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ယခု ဇန်နဝါရီလထဲ မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါဝင် အမျိုးသမီးနှစ်ဦး မုဒိန်းကျင့်ပြီးအသတ်ခံရကြောင်း သိရပါတယ်။

ရွှေဘိုမြို့ ပန်းခြံတောင်ဘက် လမ်းဘေး၌ ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ်များ စျေးထိုင်ရောင်းချနေ သော အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ဇန်နဝါရီ ၁၂ရက်နေ့ညက နေအိမ်သို့ ပြန်လည်ရောက်ရှိမလာပဲ ပျောက်ဆုံးသွားပြီး၊

ယနေ့ ဇန်နဝါရီလ ၁၃ရက် ညနေပိုင်းတွင် ရွှေဘို မြို့ရှောင်လမ်းဘေးရှိ လယ်ကွင်းထဲ၌ မုဒိန်းကျင့်ပြီး၊ အသတ်ခံထားရတဲ့ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

” ကလေးမလေးက အမေကိုလုပ်ကျွေးနေတာ၊ တအားလိမ္မာတဲ့ခလေး လူချစ်လူခင်ပေါတယ်။ လိမ်မာတဲ့ခလေး အသက်ခံရတာ အားလုံးငိုရတယ်၊

ဆေးသမားတွေစော်ကားပြီး သတ်သွားသလားမသိဘူး၊ လုပ်တဲ့သူတွေ ရက်စက်တယ်၊ အလောင်းက မြင်ရက်စရာမကောင်းကြောင်း ” ကလေးနှင့် နီးစပ်သူ တစ်ဦမှပြောပါတယ်။

အဆိုပါ မုဒိန်းကျင့်အသတ်ခံရသော ကလေးငယ်သည် ရွှေဘိုမြို့ အမှတ်(၈)ရပ်ကွက်မှ ဖြစ်ပြီး၊ ကလေး၏ ရုပ်အလောင်းကို လက်ရှိ ရွှေဘိုဆေးရုံ(ရင်ခွဲရုံ)၌ ပို့ဆောင်ထားကြောင်း သိရပါတယ်။

အလားတူ ယခုလ၊ဇန်နဝါရီ (၇)ရက်နေ့ကလည်း
ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်မှ စိတ်မနှံ့တဲ့ အသက်(၃၀)ကျော် အမျိုးသမီးတစ်ဦး နှစ်ရက် ခန့်
နေအိမ်မှ ပျောက်ဆုံးသွားပြီး၊

ရွှေဘိုမြို့နယ် အနောက်ရှိ၊ညောင်ပင်သာကျေးရွာဘက် တွင် မုဒိန်းကျင့်ပြီး အသတ်ခံထားရတဲ့ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့တယ်လို့လဲ သိရပါတယ်။

ဓာတ်ပုံ – ရွှေဘိုမြို့မှ မုဒိန်းကျင့်ပြီးအသတ်ခံရသော အသက်(၁၁)ရွယ်ကလေးငယ်

#ငါးမျဉ်းစောင်းမုဆိုး

Leave a Reply

Your email address will not be published. Required fields are marked *