ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ပြည်သူလူထုများသေဆုံးခဲ့ရပြီး အိုးအိမ်များလည်းပျက်စီး

ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ပြည်သူလူထုများသေဆုံးခဲ့ရပြီး အိုးအိမ်များလည်းပျက်စီး

ဇန်နဝါရီလ (၁၄) ရက်၊၂၀၂၃ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

ဇန်နဝါရီလ (၁၁)ရက် နေ့မှစ၍ (၁၃) ရက်နေ့အထိအာဏာသိမ်းကြမ်းဖက်စစ်ကောင်စီတပ်မှ ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၃၈)လုံးခန့် ပစ်ခတ် ခဲ့သည့်အပြင် ဒရုန်းဖြင့်လည်း ဗုံးသီး (၄) လုံးထက်မနည်းပစ်ချခဲ့သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်အခြေစိုက်စခန်းဖြစ်သည့် ခမရ(၃၅၁)/ခလရ(၆၀)တပ်မှ ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများဖြစ်သည့် နောင်ကုန်း,တမာခေါ, တောင်စု (ရှေ့,နောက်)၊ သပြေကုန်း၊ မျက်ရဲ(ဗမာ) ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ များစွာပစ်ခတ်ခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် လူနေအိမ် (၄) လုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် စပါးကျီ (၂) လုံး လည်းပျက်စီးခဲ့ရသည်။ ထိုသို့ပစ်ခတ်မှုများ ကြောင့်ဒေသခံပြည်သူများမှာ ကြောက်ရွံ့ကာ အသက်ဘေး လွတ်ရာသို့ထွက်ပြေး တိမ်းရှောင်ကြရသည်။

ဇန်နဝါရီလ (၁၁) ရက် နံနက်ပိုင်းအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ မျက်ရဲ(ဗမာ) ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ် ခတ်ရာတွင် ဒေသခံပြည်သူတစ်ဦးမှာ သေနတ်ထိမှန်သေဆုံးခဲ့ရပြီး လက်နက်ကြီးထိမှန်မှုကြောင့်လည်း နောက်ထပ်ပြည်သူတစ်ဦးသေဆုံးခဲ့ရသည်။

လက်နက်ကြီးပစ်ခတ်ခြင်းကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာများမှာ နောင်ကုန်း ကျေးရွာ, တမာခေါကျေးရွာနှင့် တောင်စု(ရှေ့,နောက်)ကျေးရွာမှအိမ်ခြေပေါင်း (၂၈၇) အိမ်မှ လူဦးရေ စုစုပေါင်း (၁၆၁၆)ဦး ခန့်ရှိပြီး လက်ရှိအချိန်တွင် ၎င်းတို့နေ ထိုင်ရာကျေးရွာ အတွင်းသို့ပြည် လည်နေ ထိုင်ကြသည့် သူ များလည်းရှိသည်။

Karen National union

Leave a Reply

Your email address will not be published. Required fields are marked *