သံပန်းတံခါးပိ၍ကွယ်လွန်ခဲ့သည့် အသက် ၆နှစ်အရွယ် ကလေးငယ်၏ နာရေး

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၁၃) ရပ်ကွက်၊ ခရေလမ်းတွင် ဇန်နဝါရီ ၁၂ ရက်က သံပန်းတံခါးပိ၍ ကွယ်လွန်ခဲ့သည့်
အသက် (၆) နှစ်အရွယ် မောင်ကောင်းထက်ကျော်၏ နာရေးကို ယနေ့ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် ပြုလုပ်မည်ဖြစ်သည်။
ကလေးငယ်၏ရုပ်အလောင်းကို ယနေ့ ညနေ ၄ နာရီတွင် ကျီစုသုဿာန်တွင် ပို့ဆောင်မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
မောင်ကောင်းထက်ကျော်သည် သူနေထိုင်ရာ ငုဝါလမ်းမှတလမ်းကျော် ခရေလမ်းသို့ အဒေါ်ဖြစ်သူနှင့်အတူ
အလည်သွားစဉ် ခြံတခုမှ သံပန်းတံခါး ပြုတ်ကျပိမိ၍ မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိသည့်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။