သွေးဆုံးထားတဲ့ အမျိုးသမီးက ကိုယ်ဝန်ဆောင်ပြီးနောက် ၁၁ ပေါင်ရှိတဲ့ ကလေးမွေးဖွား

ကာကာဒေါ၊ ဇန်နဝါရီ ၁၆
ဘရာဇီးလ်နိုင်ငံမှာ စောစောစီးစီး သွေးဆုံးထားတာကြောင့် နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့ လုံလောက်တဲ့ သားဥ မရှိတော့ဘူးလို့
ဆရာဝန်တွေက ပြောထားတဲ့ အသက် ၄၁နှစ်အရွယ် အမျိုးသမီးဟာကိုယ်အလေးချိန် ၁၁ပေါင်ရှိတဲ့ ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။
လူစီယာနာ ဘရန့်လို့ အမည်ရတဲ့ အမျိုးသမီးဟာ စောစောစီးစီး သွေးဆုံးခဲ့ပြီး နောက်ထပ် ကလေးမရနိုင်တော့ဘူးလို့ သူ့ကို ဆရာဝန်တွေက ပြောကြားခဲ့သော်လည်း ကိုယ်ဝန်ထပ်ရရှိပြီးတဲ့နောက်မှာတော့ ကလေးကို မွေးဖွားနိုင်ခဲ့တာပါ။
မထင်မှတ်ဘဲ ကိုယ်ဝန်ရလာချိန်မှာ သားသမီး ငါးယောက်ရှိနှင့်ပြီး ဖြစ်တဲ့ လူစီယာနာတစ်ယောက် က ဆဋ္ဌမမြောက်ကလးတစ်ယောက်ရမှာ ကြောင့်
ပျော်ရွှင်နေခဲ့ပြီး သီတင်းပတ် ၄၀အကြာမှာ မာရီယာ ဗစ်တိုးရီးယား ဘရန့်လို့ နာမည်ပေးထားတဲ့ ကလေးကို ခွဲစိပ်မွေးဖွားခဲ့ပါတယ်။
မွေးလာတဲ့ မိန်းကလေးဟာ ၅၁စင်တီမီတာ ရှည်တာကြောင့် ပုံမှန်မဟုတ်ဘဲ ကြီးထွားနေတာကို တွေ့ရပါတယ်။
ဘရာဇီးလ်နိုင်ငံ ဆန်တာ ကာတာရီနာ ပြည်နယ် ကာကာဒေါဒေသမှာ အမျိုးသားဖြစ်သူနဲ့ အတူနေထိုင်တဲ့ ကလေး ခြောက်ယောက်အမေ လူစီယာနာ ဘရန့်ဟာ ဇန်နဝါရီလ ၁၀ရက် ညနေ ၃နာရီ ၄၈မိနစ်မှာ ကလေး မျက်နှာမြင်ခဲ့ပြီး နောက်နှစ်ရက်အကြာမှာ ဆေးရုံက ကျန်းကျန်းမာမာ ပြန်ဆင်းနိုင်ခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်ဖို့ မလွယ်တော့ဘူးလို့ ဆရာဝန်တွေက ပြောကြားခဲ့ပြီးနောက် နောက်ထပ် အခွင့်အရေး နည်းနည်းလေးပဲ ရှိပေမယ့်
ဘုရားသခင် အပေါ် ယုံကြည်စိတ်ထားခဲ့ပြီး ကိုယ်ဝန်ရလာတာကြောင့် အရမ်း ပျော်ခဲ့ရတယ်လို့ လူစီယာနာက ပြည်တွင်း မီဒီယာတွေကို ပြောကြားပါတယ်။