အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၈ ဦး သ တ်ခံ…see more

ရန်ကုန်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာ၌ ယမန်နေ့က အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၈ ဦး ရက်စက်စွာ သ တ်ခံခဲ့ရကြောင်း သိရသည်။
ဇန်နဝါရီလ ၁၄ ရက်၊ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ငါးမြောင်ရွာ၏ နေအိမ်တစ်ခု၌ မိသားစုဝင် ၈ ဦး မှာ ဓားမွှမ်းဒဏ်ရာများ ရှိခဲ့သည့်အပြင် လည်ပင်းပြတ်ရှိ ဒဏ်ရာများဖြင့် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။
သေဆုံးခဲ့သည့် မိသားစုဝင်များမှာ ဦးကျော်လှိုင်နှင့် ဇနီးဖြစ်သူ ဒေါ်မြညွှန့်၊ ဦးတင်မျိုးဝင်း၊ ဒေါ်နှင်းမြခိုင်၊ ဒေါ်နှင်းမြလှိုင် နှင့် အသက် ၁၅ နှစ်အရွယ် မစုမြတ်စံ၊
အသက် ၁၂ နှစ်အရွယ် မသိမ့်ရွှေဘုံစံ၊ အသက် ၆ နှစ် အရွယ် ခန့်ဇေယျာမျိုး တို့ ဖြစ်ကြောင်း သိရသည်။
၎င်း တို့မှာ ထိုးသွင်းဒဏ်ရာများ ဓားမွှမ်းခံရသည့်ဓာတ်ရာများအပြင် လည်ပင်း၌ ပြတ်ရှဒဏ်ရာများဖြင့် နေအိမ်၏ အတွင်းပိုင်း၊
မီးဖိုဆောင်နှင့် နေအိမ်လှေကားခြေရင်းတို့၌ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ နေအိမ်များမီးရှို့ဖျက်ဆီးခံခြင်း၊ ကျေးရွာများအတွင်းစီးနင်းဝင်ရောက်ကာ ဒေသခံများအားဖမ်းဆီး သတ်ဖြတ်ခြင်းများ မှာ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
ဂျူဂျူး
ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
#ယနေ့ခေတ်