တစ်ကောင် သိန်း ၆၀ တန် ခြေထောက်တွေအကြီးကြီးနဲ့ ကြက်နဂါးများ (ရုပ်သံ)

🐓ဟနွိုင်းမြို့တော် အနီးက ကြက်ခြံတခြံမှာ ခြေ ထောက်တွေအကြီးကြီးနဲ့ ကြက်တွေမွေးထားပြီး
ကြက်နဂါးလို့ခေါ်တဲ့ ဒီကြက်တွေက အခုလို နှစ်သစ်ကူးကာလမှာ အထူးအဝယ်လိုက်တာပါ။
ဒေသအစွဲပြုပြီး ဒွန်းတောင်လို့ခေါ်တဲ့ကြက်မျိုးက ဗီယက်နမ် မြောက်ပိုင်းက ထူးခြားတဲ့
ကြက်မျိုးစိတ်ဖြစ်ပြီး အထူးသဖြင့် နှစ်ကူးချိန်မှာ ဒီကြက်တွေကို
ချမ်းသာတဲ့သူတွေ ပိုက်ဆံအများကြီးပေးပြီး ဝယ်စားတတ်ကြပါတယ်။
Source DVB