နေ့ခင်းကြောင်တောင် သင်္ဃန်းကျွန်းတွင် အမျိုးသား ၄ ဦးက နေအိမ်တိုက်ခန်းသော့အားဖျက်၍ ငွေကျပ် ၂၅ သိန်းခန့်နှင့်…see more

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်သစ် ရပ်ကွက် တွင် အမျိုးသား ၄ ဦးက ဇန်နဝါရီ ၁၇ ရက်နေ့လည်ပိုင်းကငွေကျပ် ၂၅ သိန်းခန့်တန်ဖိုးရှိ ပစ္စည်းများအား ခိုးယူသွားခဲ့ကြကြောင်း သိရသည်။

ယင်းနေ့နေ့လည်ပိုင်းက အမည်၊အသက်၊နေရပ်လိပ်စာ(စုံစမ်းဆဲ)အမျိုးသား ၄ ဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်သစ်ရပ်ကွက်၊

အောင်ဇေယျ(၅)လမ်းရှိ တိုက်ခန်းတစ်ခန်း၏ နေအိမ်သော့အားဖျက်၍ ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်မှာဘယ်သူမှမရှိတဲ့အချိန်ကို ဝင်ခိုးသွားကြတာပေါ့ မွှေနှောက်ရှာဖွေပြီးယူသွားကြတာ ရဲတပ်ဖွဲ့ကတော့

ခိုးမှုကျူးလွန်တယ်လို့ယူဆရတဲ့လူ ၄ ယောက်ရဲ့ CCTV မှတ်တမ်းကိုစစ်ဆေးနေတယ် အမှုဖွင့်ထားတယ်လို့သိရတယ်”ဟု ရန်ကုန်သစ် ရပ်ကွက်နေသူတစ်ဦးကပြောသည်။

အဆိုပါ အမျိုးသား ၄ ဦးသည် နေအိမ်သော့အားဖျက်ဆီးပြီးနောက် နေအိမ်အတွင်းရှိ ငွေကျပ် ၁၇ သိန်းတန်ဖိုးရှိ လပ်တော့ပ်၊

ဖုန်း(အဟောင်း) ၃ လုံးနှင့်ကျောက်စိမ်းအလုံးသေးအချို့(စုစုပေါင်း ငွေကျပ် ၂၅ သိန်းခန့်)တန်ဖိုးရှိ ပစ္စည်းများအား ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

“အဲဒီအိမ်မှာ ၃ ယောက်နေတယ် လင်မယား ၂ ယောက်ကအလုပ်သွားနေတဲ့အချိန် ကျန်ခဲ့တဲ့အဘွားတစ်ယောက်ကလည်း အပြင်သွားနေတဲ့အချိန်ဝင်ခိုးသွားတာလို့ပြောကြတယ်”ဟု ရန်ကုန်သစ်ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား ရဲတပ်ဖွဲ့ဝင်များက အမှုဖွင့်လှစ်ထားကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရရှိထားသည့် CCTV မှတ်တမ်းအား စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *