မာဖလာပတ်ထားသည့် အမျိုးသမီးနှစ်ဦးက ရွှေဆိုင်ထဲတွင် ရွှေဆွဲကြိုးများ လုယက်မှုဖြစ်ပွား

ရှမ်းပြည်နယ် မူဆယ်ခရိုင် မူဆယ်မြို့နယ် အမှတ် (၁) မြို့မဈေးအပေါ်ထပ်ရှိ လောဝ်ခမ်း ရွှေဆိုင်တွင် ရွှေဆွဲကြိုးများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်များအရ သိရသည်။
ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီဝန်းကျင်က ၎င်းရွှေဆိုင်သို့ အနွေးဦးထုပ်၊ အနွေးအင်္ကျီနှင့် မာဖလာပတ်ထားသည့် အမျိုးသမီးနှစ်ဦးက
ရွှေဝယ်မည့်ဟန်ဆောင်ကာတစ်ဦးက ရွှေဆိုင်ပိုင်ရှင်ကို အာရုံလွှဲမေးမြန်းနေစဉ်ကျန်တစ်ဦးက ရွှေ များကိုဝင်ရောက်ခိုးယူပြီးနောက်
ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ရွှေဆွဲကြိုးရှစ်ကုံးဝန်း ကျင်ခန့် ယူဆောင်သွားကြောင်း စီစီတီဗွီမှတ် တမ်းများအရ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက ရှာဖွေစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းအမျိုး သမီးနှစ်ဦးကို တွေ့ရှိပါက အကြောင်းကြားပေးပါရန်လည်း ရွှေဆိုင်ပိုင်ရှင်က ကြေညာထားကြောင်း သိရသည်။
၂၀၂၂ခုနှစ်တွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြို့နယ်အချို့ရှိ ရွှေဆိုင်အချို့တွင် ဓားပြတိုက်မှု၊လုယက်မှု၊ ခိုးမှုများ မကြာခဏဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
သတင်း – စံတော်ချိန်