စစ်‌တွေမြို့တွင် မိသားစုအတွင်း အချင်းများရာမှ လေးလော င်းပြိုင်လူသ တ်မှု ဖြစ်ပွားခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်တိုင်ကျေးရွာ အုပ်စု၊ ပလ္လင်ပြင်ရွာသစ်ကျေးရွာ၌ မိသားစုချင်း အမွေကိစ္စအချင်းများရာမှ လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၈ နာရီခန့်က ပလ္လင်ပြင်ရွာသစ်ကျေးရွာတွင်နေထိုင်သည့် မိသားစုတစ်စုသည် အမွေကိစ္စအချင်းများရာမှ မိသားစုလေးဦးအား ၎င်း တို့၏ဆွေမျိုး ခြောက်ဦးမှ လာရောက်သတ်သွားခဲ့ကြောင်းသိရသည်။

” သူတို့က အမွေကိစ္စနဲ့ တရားရင်ဆိုင်နေရတယ်ပြောတယ် အဲ့ဒါမနေ့က သူတို့အမျိုးချင်း လူ ၆ ယောက်က လာပြီးသတ်သွားတယ်လို့ပြောတယ်၊

ကျွန်တော်တို့ရောက်တော့ သေဆုံးနေပြီ၊ ဓားဒဏ်ရာတွေနဲ့ပါ၊ အမျိုးသား ၂ ဦး အမျိုးသမီး ၂ ဦးပါ” ဟု ကူညီပေးခဲ့သည့် ဒေသတွင်း ပရဟိတအသင်းမှ တာဝန်ရှိသူက ဆိုသည်။

အခင်းဖြစ်ပွားရာ၌ သေဆုံးခဲ့သာ လေးဦး၏ ရုပ်အလောင်းကို စစ်တွေ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဂျူဂျူး
ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *