နေအိမ်ရှေ့၌ သေန တ်သံကြား၍ ကလေးချီလျက်သားထွက်ကြည့်မိရာမှ ၈ လသားကလေးငယ်မှာ ဦးခေါင်း ကျ ည်ထိမှန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတစ်ပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦးအား လုပ်ကြံပစ်ခတ်စဥ် နေအိမ်ရှေ့၌

သေနတ်သံကြား၍ ကလေးချီလျက်သားထွက်ကြည့်မိရာမှ ၈ လသားကလေးငယ်မှာ ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁၁ နာရီ ခန့်က တောင်ငူခရိုင်၊ ထန်းတစ်ပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ရွာသာရွာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်နှင့် အဟောင်းတို့ နှစ်ဦးဟာ ကားတစ်စီးအတွင်း အတူမောင်းနှင်လာစဥ် ဆိုင်ကယ်နှစ်စီးဖြင့်

ယာဥ်အားပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်သံများအားကြားရသဖြင့် အခင်းဖြစ်နေရာနှင့် တစ်အိမ်ကျော်ရှိ ကလေးအမေမှာ ကလေးကိုချီ၍ ထွက်ကြည့်ရာမှ ၈ လသားအရွယ်ကလေးငယ်၏ ဦးခေါင်းတွင် ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

“သေနတ်သံကြားလို့ ဆိုပြီး ကလေးနဲ့ ထွက်ကြည့်လိုက်တယ်ပြောတယ်၊ အိမ်ရှေ့ကကွမ်းယာဆိုင်ဘေးလေးမှာ သူကလေးကိုချီထားတော့ ကျည်က ကလေးခေါင်းကိုမှန်တာ ထုတ်ချင်းမပေါက်ဘူး ကျည်ဆန်က ဝင်သွားတယ် ခေါင်းထဲကို၊

ရွာသာရွာကနေ ထန်းတစ်ပင်ဆေးရုံရောက်တယ်၊ ထန်းတပင်ကနေ တောင်ငူဆေးရုံရောက်လာတယ်၊ လူနာကအရေးပေါ်အခြေအနေမှာ ပိုက်ဆံလဲမရှိဘူး ကလေးလဲ အရေးပေါ်ကုရမယ်ဆိုတော့ အသင်းကနေလဲ လူနာတင်ကားကအစ ဆေးကုသစရိတ်အဆုံးအခမဲ့အားလုံးကူညီပေးခဲ့တယ်” ဟု ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းမှ တာဝန်ရှိသူကဆိုသည်။

ကလေးငယ်၏ ဦးခေါင်းကျည်ဝင်ဒဏ်ရာမှာ ပြင်းထန်နေသဖြင့် တောင်ငူဆေးရုံမှ နေပြည်တော် ကုတင် ၁၀၀၀ သို့ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် ကလေးငယ်မှာ အသက်သေဆုံးနေပြီဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ၎င်းဖြစ်စဥ်တွင် ရွာသစ်ရွာမှ အုပ်ချုပ်ရေးမှူးအသစ်နှင့် အုပ်ချုပ်ရေးမှူးအဟောင်းတို့မှာ အခင်းဖြစ်ရာ၌ပင် သေဆုံးသွားခဲ့ပြီး ကလေးငယ်မှာ ဆေးရုံတွင်သေဆုံးခဲ့သဖြင့် စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်းအား ဇန်နဝါရီ ၁၈ ရက် က နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှ တစ်ဆင့် ရွာသစ်ရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ဂျူဂျူး
ဓာတ်ပုံ-The Trees Rescue Team
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *