အပူချိန် အနုတ် ၈၀ ဒီဂရီဖာရင်ဟိုက်ထိ ကျဆင်းပြီးကမ္ဘာ့အအေးဆုံးဒေသဖြစ်လာတဲ့

ရကူတီးယား ဇန္နဝါရီ ၁၉

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသဟာ ယခုနှစ်ဆောင်းရာသီမှာ အဆိုးဝါးဆုံးသော အအေးဒဏ်နဲ့ ကြုံတွေ့နေရပြီး ယခုနှစ် ဆယ်စုနှစ်တစ်ခုကာလအတွင်း အအေးဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဆိုက်ဘေးရီးယားဒေသရဲ့အပူချိန်ဟာ အနုတ် ၈၀ ဒီဂရီ ဖာရင်ဟိုက် (-62.7C)ထိကျဆင်းသွားကာ ကမ္ဘာ့အအေးဆုံးဒေသတစ်ခုဖြစ်လာခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲ့ဒီ အပူချိန်မှတ်တမ်းဟာ တစ်နိုင်ငံလုံး ပုံမှန်အပူချိန်အောက်ကို ကျဆင်းနေတဲ့ ရုရှားနိုင်ငံတွင်းက ဒေသတွေထဲမှာ ၂၁ နှစ်အတွင်း စံချိန်တင် အအေးဆုံးဒေသတစ်ခု ဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက သတ်မှတ်ခဲ့ပါတယ်။

အထူးသဖြင့် ဆိုက်ဘေးရီးယားဒေသရဲ့ Yakutia မြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက် ၉ နာရီမှာ တိုင်းတာတဲ့ တိုင်းတာချက်အရ အပူချိန်ဟာ အနုတ် ၈၀ ဒီဂရီ ဖာရင်ဟိုက် (-62.7C) ဖြစ်တယ်လို့ ရုရှားမိုးလေဝသဌာနက ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီလို အအေးလွန်ကဲနေပေမဲ့ ဆိုက်ဘေးရီးယားဒေသရဲ့မြို့တော် Yakutia မြို့မှာတော့ ဒေသခံတွေဟာ ယေရှုခရစ်ရဲ့အထိမ်းအမှတ်နေ့တစ်ခုဖြစ်တဲ့ Christian Orthodox day of Epiphany နေ့မှာ ရေခဲရေအေးတွေထဲကို ခုန်ချကစားခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီလို ရာသီဥတုအခြေဆိုးဝါးနေတဲ့ ဆိုက်ဘေးရီးယားဒေသနဲ့ ပတ်သက်လို့ ကမ္ဘာလှည့်ခရီးသွားတွေ ဂရုစိုက်ကြဖို့ သက်ဆိုင်ရာ သံရုံးတွေက သတင်းထုတ်ပြန်ထားပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *