မိဘကိုရှေ့ထား အမွေကိစ္စ စကားများ ရာကနေ ၄ လော င်းပြိုင် လူသ တ် မှု ဖြစ် ပွား

ရန်ကုန်၊ ဇန်နဝါရီလ ၁၈
ရခိုင်ပြည်၊ စစ်တွေမြို့နယ် မှာရှိတဲ့ အောင်တိုင်ကျေးရွာအုပ်စု ပလ္လင်ပြင်ရွာသစ်ကျေးရွာမှာ ဇန်နဝါရီ လ ၁၇ ရက်နေ့ နံနက်ပိုင်းက
မိသားစု အမွေကိစ္စ စကားအချေအတင်ဖြစ်ပွားကြရာကနေ ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သရှိရပါတယ်။
အသက် ၆၅နှစ်အရွယ်ရှိ ဘော်ဒီရာမန်နဲ့ သူရဲ့ ဇနီးဖြစ်သူ အသက် ၅၅ နှစ်အရွယ်ရှိ ဖာတေဘာခါတူ သားဖြစ်သူ
အသက် ၃၅ နှစ်အရွယ်ရှိ ဘော်ဆီရာမောက်နဲ့ သမီးဖြစ်သူ အသက် ၃၇ နှစ် အရွယ်ရှိ အာလီမာခါတူ တို့အသတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရှိရပါတယ်။
အဲ့ဒီဖြစ်စဉ်က သတ်ဖြတ်သူတွေ နဲ့ သေဆုံးသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပြီး မိသားစု အမွေကိစ္စ စကားအချေအတင်ဖြစ်ပွားကြရာကနေ သေဆုံးတဲ့ တိုက်ခိုက်ခံခဲ့ရဝာာဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းကို တော့ စစ်တွေမြို့ ပြည်သူဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိရှိရပါတယ်။
အသတ်ခံခဲ့ရတဲ့ ဦးဘော်ဒီရာမန်နဲ့ ၎င်းရဲ့ ညီဖြစ်သူ ဦးဆော်ဒီရာမန် တို့ဟာ လယ်ယာမြေ အမွေကိစ္စကြောင့် နှစ်ရှည်ကြာ အမှုရင်ဆိုင်နေကြရတာဖြစ်တယ်လို့ လည်းသိရှိရပါတယ်။
လယ်ယာမြေအမွေကိစ္စ အမှုအခင်း နဲ့ပတ်သက်ပြီး အချေအတင် စကားများရန်ဖြစ်ရာကတဆင့် ဦးဆော်ဒီရာမန်အပါဝင် ၆ ဦးက အစ်ကိုဖြစ် ဦးဘော်ဒီရာမန်အပါဝင် ၄ ဦးကို ဓားဖြင့် ခုတ်သတ်သွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့ ဆော်ဒီရာမန်နဲ့ အဘူလာရှိန်းတို ၂ ဦးကို ဇန်နဝါရီ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်ဖမ်းဆီးရမိခဲ့ပြီး အမှုနဲ့ သက်ဆိုင်သူတွေကို ဆက်လက်ရှာဖွေနေတယ်လို့လည်းသိရှိရပါတယ်။
Western News
(Western News ဟာ Connect Burma နဲ့ မိတ်ဖက်သတင်း ဌာနဖြစ်ပါတယ်)
Credit