မြန်မာတွေ ပတ်စ်ပို့ရက်ချိန်းရဖို့တန်းစီစောင့်ဆိုင်းနေတဲ့မြင်ကွင်း…See more

ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် မနက်အစောပိုင်းကတည်း က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ
နိုင်ငံကူးသက်တမ်းတိုးဖို့အတွက် မြန်မာနိုင်ငံသားတွေ ရက်ချိန်း (တိုကင်) ယူဖို့ စောင့်ဆိုင်းနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
“မနေ့ည ၉နာရီလောက်ကတည်းက လာတန်းစီနေတဲ့သူတွေလည်းရှိတယ်။ ကျွန်မဆို မနက် ၅ နာရီကတန်းစီတာ ၁၀ နာရီထိုးခါနီးမှရတယ်။
ပြန်တဲ့အထိ ထပ်ရောက်ပြီး တန်းစီနေတဲ့သူတွေရှိတယ်။ လမ်းအပြည့်ပဲ။ ကျွန်မဆို ဖေဖော်ဝါရီ ၂၃ ရက်မှ ပတ်စ်ပို့လုပ်ရမယ်၊
နောက်ပိုင်းလူတွေဆို မတ်လ ၂၃ရက် ရက်ချိန်းအထိရောက်တာတွေလည်းရှိတယ်”လို့ ကိုယ်တိုင်ရက်ချိန်းယူခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေက တိုကင်ယူဖို့စောင့်ဆိုင်းနေစဉ်အတွင်း စနစ်တကျစီတန်းမှုမရှိတာကြောင့် လမ်း ပိတ်ဆို့တာ၊
ကျန်းမာရေးမကောင်းသူတွေနဲ့ အဆင်မပြေဖြစ်ခဲ့တာတွေရှိခဲ့ပြီး ဒီကနေ့မှာတော့ ထိုင်းရဲတပ်ဖွဲ့တွေအပြင် ကျန်းမာရေးစောင့်ရှောက်ဖို့အတွက်ပါ အသင့်ကြိုတင်ပြင်ဆင်ထားတာတွေ တွေ့ရပါတယ်။
အခုဇန်နဝါရီ ၇ ရက်နေ့ကစပြီး စနေနေ့တိုင်းမှာ ရက် ချိန်း (တိုကင်) ပေးတဲ့စနစ်ကို စတင်နေတာဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း
သက်တမ်းကုန်သူတွေနဲ့ လအလိုက် သက်တမ်းကုန်သူကို နိုင်ငံကူးလက်မှတ်ဆက်ထုတ်ပေးသွားမယ်လို့ သံရုံးဘက်က ထုတ်ပြန်ထားပါတယ်။
BBC