ဧရာဝတီတိုင်းတွင် ကျေးရွာတစ်ခုလျှင် ရွာသား ၁၀ ဦး စစ်မှုထမ်းရန် စစ် တပ်က တောင်းခံနေပြီး မပေးလျှင် ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်၊ ပေါ်တာဆွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်း ငပုတောမြို့နယ်ရှိ ကြာကန်ကျေးရွာ၊ မကျီးပင်ကျေးရွာ၊ ချောင်း ဖျားစု ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီက ရွာတစ်ရွာလျှင် ရွာသား ၁၀ ယောက်စီ စစ်မှုထမ်းရန် ပေးရမည်ဟု

ခြိမ်းခြောက် တောင်းဆိုနေပြီး မပေး လျှင် ရွာကို မီးရှို့မည်ဟု ဆဲဆို ခြိမ်းခြောက်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ တစ်ရွာ ၁၀ ဦး လူအင်အား မပေးရင် မဲနှိုက်ခေါ်မယ်တို့၊ ပြီးရင် ရွာတွေဝင်ပြီး မီးရှို့မယ်၊ သတ်ပစ်မယ်ဆိုပြီး စစ်တပ်က တောင်းနေတယ်။

ဆဲဆိုခြိမ်း ခြောက်နေတာပါဗျ။ ရွာလူကြီးတွေလည်း ထွက်ပြေးစရာ နေရာမရှိတော့ စိတ် ညစ်နေကြရပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်က ၎င်းတို့ အလိုကျ ခိုင်းရာလုပ်မည့် ပြည်သူ့ စစ်ဖွဲ့ရန်အတွက် တစ်ရွာလျှင် လူ ၁၀ ဦး တောင်းဆိုနေခြင်းဖြစ်ကြောင်း၊

အကြမ်းဖက် စစ်ကောင်စီ ၏ ခြိမ်းခြောက်တောင်းဆိုနေကြခြင်းကြောင့် ရွာသားများမှာ စိုးရိမ်မှုများစွာရှိနေကြကြောင်း သိရှိရသည်။

“ရွာတွေထဲမှာ ဆူညံပွက်လောရိုက်နေကြပါတယ်။ ရွာထဲမှာ ၄၀ ကျော် ၅၀ ကျော် လူကြီးတွေက အဲ့ရွာတွေမှာ ကယ်ရီဆွဲပြီး လုပ်ကိုင်စားသောက်နေကြ ရတာပါ။

လူငယ်တွေကတော့ ပုသိမ်မြို့ပေါ် ထွက်ပြေးနေကြပါပြီ” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထိုသို့ ကျေးရွာများကို စစ်တပ်က ခြိမ်းခြောက်၍ ရွာသားများကို အတင်းအဓမ္မ ခြိမ်းခြောက်နေကြောင်း၊ ငပုတောမြို့နယ်တွင်းရှိ ကျေးရွာများ အပြင်

ချောင်းဝ အု ပ်စုတွင် ပါသည့် ရွာများနှင့် ပင်လယ်အစပ်ရှိ ရေလုပ်ငန်းလုပ်သည့် ရွာမှန် သမျှ စစ်တပ်၏ ခြိမ်းခြောက်မှု ခံနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဧရာ၀တီတိုင်းတွင် ကင်းလှည့်နေသည့် အကြမ်းဖက်များ။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed