မွေးကတည်းက စအိုပေါက်မပါသည့်ကလေးငယ် ခွဲစိတ်ကုသရန် ငွေကြေးအခက်အခဲရှိနေ

မွေးကတည်းက စအိုပေါက်မပါလာသည့် အသက် ၂ နှစ်အရွယ် ကလေးငယ်တဦးသည် ခွဲစိတ်ကုသရန်အတွက် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ရန်ကုန်မြို့တွင် ရောက်ရှိနေသည်။
၂၀၂၀ ပြည့်နှစ်က စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အစာဟောင်းအူမကြီးကို အပြင်သို့ထုတ်ခဲ့ရကာ ထိုအူမကြီးမှတဆင့် အလေးစွန့်ထုတ်မှုကို ပြုလုပ်နေရပြီး
အစာဟောင်းအူမကြီး၌စွတ်ထားရသည့် ပလက်စတစ်အိတ်ကပ်တခုလျှင် ၈၅၀၀ ကျပ်ရှိပြီး တရက်ခွဲအတွင်း အသစ်တခုစီလှဲပေးရကြောင်း သိရသည်။
ကလေးငယ်၏ မိဘများမှာ ခွဲစိတ်ကုသမှုအတွက် နယ်မှအိမ်ကိုရောင်း၍ ရန်ကုန်မြို့သို့ တက်လာခဲ့ပြီး ဘုန်းကြီးကျောင်းတကျောင်းတွင် တည်းခိုနေကြောင်း၊ ငွေကြေးမလံုလောက်သည့်အတွက် ခွဲစိတ်ကုသမှုမပြုလုပ်နိုင်သေးကြောင်း သိရသည်။
“ခွဲစိတ်ကုသခ စုစုပေါင်း သိန်း ၆၀ လောက် ကုန်ကျမယ်ပြောတယ်”ဟု ကလေးငယ်၏ဖခင် ဦးလှမောင်ကပြောသည်။
မောင်ထက်မြတ်အောင်အတွက် ကူညီပေးလိုသည့် စေတနာရှင်များအနေဖြင့် ဖခင်ဖြစ်သူ ဦးလှမောင်၊
ဖုန်း – 09456385039 သို့ ဆက်သွယ်ကူညီနိုင်ကြောင်း သိရသည်။