အရည်အသွေး မကောင်းတဲ့ တရုတ်ထုတ် Office Chair Piston ပေါက်ကွဲပြီး စတီးချောင်း တင်ပါးထဲကနေ ဗိုက်ထဲထိ ဖောက်ဝင်

Office Chair Piston ပေါက်ကွဲပြီး စတီးချောင်း တင်ပါးထဲကနေ ဗိုက်ထဲထိ ဖောက်ဝင်တက်တယ်။
ဆောင့်ထိုင်ချတာ၊ Over weight ကြီးနဲ့ ထိုင်တာ၊
ပုံမှန်ဝိတ်နဲ့ထိုင်ပေမဲ့ Piston ကို အဆုံးထိ ထားတာမျိုးက အရည်အသွေးကောင်းတဲ့ အမေရိကန်လုပ် ထိုင်ခုံတွေမှာမဖြစ်ပေမဲ့တရုတ်လုပ် ထိုင်ခုံတွေမှာတော့ ဖြစ်တယ်။ ဖြစ်လျင်လည်း သေတာများတယ်။
Piston ကို Quality ကောင်းတဲ့ဆီက မဝယ်ပဲ ကိုယ့်ဟာကိုယ် လုပ်တော့ ဈေးသက်သာတယ်။ ဒါပေမဲ့ အခန့် မသင့်လျင် ပေါက်ကွဲတက်တယ်။
အရည်အသွေးကောင်းတဲ့ထိုင်ခုံ ဒေါ်လာ 700 ကျော်တန်တွေကတော့စတီးပြားအထူကြီး ပါလို့ ပေါက်ကွဲခဲ့လျင်တောင် သိပ်စိတ်မပူရဘူး။
ဘာရယ်မဟုက်ပါဘူး။ အဲ့သတင်းတွေဖတ်ပြီး ငါတစ်ယောက်ထဲ အခု ခုံမှာမထိုင်ရဲတော့လို့ မနက်ဖြန်ရုံးသွားကြမဲ့ သူငယ်ချင်းတွေကို အားပေးတာ။
EDIT: (မထင်မှတ်ပဲ ရှဲတာများသွားလို့ အစိုးရိမ်လွန်နေမှာစိုးလို့ပါ)US,Europe,Canada လုပ်ခုံတွေရောင်းရချင်လို့ မားတင်းတာမဟုက်။
ကိုယ်တောင် အဲ့ဟာတွေ ဖတ်ပြီး တစ်ပတ်လောက်ကော်ခုံနဲ့ထိုင်တာ။ခုတော့လည်း ပြန်တော့တက်ထိုင်နေတာပဲ၊ ဖင်တော့နဲနဲ ကျုံ့တာပေါ့လေ။ Piston ဆီကုန်နေလား၊ ပေါက်နေပြီလားလည်း စစ်ရသေး။
တစ်ကမ္ဘာလုံးမှာ အဲ့လို Cases မျိုးသုံးခုပဲ ရှိပါတယ်။
Case 1 က အသက် 65 နှစ်အရွယ် China က ဦးလေးကြီး။သံချောင်းက ကျောကုန်းနဲ့ လက်ကို ဖောက်ပြီး မျက်နှာကျတ်မှာသွားစိုက်။ဆရာဝန်တွေ ကုပေးလိုက်ရတယ်။
Case 2 က China Shandong က 14 နှစ်အရွယ်ကောင်လေး။စအိုထဲ သံချောင်းဝင်သွား ၊ ကုမရ၊ သွေးလွန်။
Case 3 က အသက် 24 မိန်းကလေး China Fujian ပြည်နယ်က။မိန်းမအင်္ဂါပျက်စီးသွား။ ကုလို့ ရမရ မသိရ။
အဲ့ဒါပဲ ရှိပါတယ် (ထင်တာပဲပေါ့နော်)။ အရမ်းလည်း မပူပါနဲ့။
Piston ကို အောက်ဆုံးထိ ဖိမထားနဲ့ပေါ့။ ဘောလုံးလိုပဲ တအားညှစ်လျင် ပေါက်ထွက်သွားတယ်။ထိုင်ခုံကို မြှင့်ထိုင်ပေါ့။
Piston ကို Quality Check မလုပ်ပဲ ဈေးသက်သာအောင်ကိုယ့်ဟာကိုယ် လုပ်ရာက ဖြစ်တယ်လို့သိရ။
US,EU,CA မှာကျ QC သေချာလုပ်ရတော့ အဲ့ခုံတွေဆိုမဖြစ်။
ဖြစ်ခဲ့လျင်တောင် တစ်လက်မခွဲ ထူတဲ့ သံပြားခံထားပေးတော့ မပူရ။
မယုံလျင် Youtube မှာ ရိုက်ရှာကြည့်။ Office chair exploding လို့။
Credit