ကျေးရွာနေပြည်သူတွေ လတ်တလောအခြေအနေပြေးစရာမြေမရှိ…

Posted on

လတ်တလောအခြေအနေပြေးစရာမြေမရှိဖြစ်ရသူက မအလမဟုတ်သေးဘူး။ ကျေးလက်နေ ပြည်သူတွေ ဖြစ်နေတယ်။

ကျေးလက်နေပြည်သူကိုနယ်မြေကျဉ်းသည်ထက်ကျဉ်းစေဖို့ရွာတွေကို မီး ရှို့ဖျက်စီးဆက်တိုက်လုပ်လာတယ်။

အားမရသေးတဲ့ မအလမစ္ဆာတပ်ဟာပြေးလွှားနေကြတဲ့ပြည်သူတွေထံကိုလက်နက်ကြီးနဲ့ ပစ်တယ် ထုတယ်။

ကိုယ့်အိမ်မှာနေတယ်၊အကြောင်းမဲ့ဝင်ရောက်ဖျက်စီးခံရတယ်ပြေးလွှားရတယ်။နောက်ကျခြေထောက် သစ္စာဖောက်ပဲ။တယောက်တွေ့ရင်တွေ့တဲ့နေရာမှာပဲ လူမဆန်စွာပစ်သတ်တယ်။

လူသားချင်းစာနာမှုဆိုတဲ့အကူအညီဆိုတာဘာလဲ.. ဝေခွဲမရ အဖြေဖြစ်တယ်။အမှန်တကယ်လူသားချင်းစာနာရင်တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီ။

မကူညီလိုက ကိုယ်တိုင်ဝင်ချ။နှစ်လမ်းသွားပဲ ရှိတော့တယ်။ဒီမြေဒီရေမှာ မင်းသေမလား ငါနေခဲ့ရမလားပဲ။ဝေလေလေလုပ်ချိန် များစွာမကျန်တော့ဘူး။

အပိုစကားတွေဘေးချိတ်ထား။စားပွဲဝိုင်းကို လက်ဆုံစားဖို့သဘောထား၊ချောင်ထိုးထားလိုက်။ဘယ်နေ့ ဘယ်အချိန် အပြီးဖြတ်မလဲဆိုတဲ့စစ်ရေးက အဓိကကျတယ်။

ပြည်သူကိုမျက်နှာမူရင် တိုက်ပွဲအပြီးဖြတ်။ပညတ်ချက်တွေနဲ့ကိုင်ပေါက်ပြရမယ့် အချိန်မဟုတ်ဘူး။ပြည်သူတွေ လက်ပန်းကျနေပြီ။ပြည်သူတွေ ခြေကုန်နေပြီ။

ဝေသာလီပြည် ဘီလူးကျသလိုတကျွတ်ကျွတ်စားခံနေကြရပြီ။အရိုးကို အရွက်ဖုံးကြဦးမယ်ဆိုရင်လူသားအရိုးတွေလည်း တောင်လိုပုံရမယ်။ဘယ်မလဲဝေဟင်ပစ်၊ဘယ်မလဲလေယာဉ်ပစ်။

ဘာမှမဖြစ်ရင် မဖြစ်သလိုနေ။ဖြစ်ချင်ယောင်ဆောင်တော့ပြည်သူတွေက သေလို့ကောင်းတယ်။မပြည့်စုံခြင်း မရှိခြင်းကို အပြစ်ပြောဆိုခြင်းမဟုတ်။

တခုတော့ရှိတယ်မိုတီတွေရပ်တော့။မကျန်တော့တဲ့ အချိန်တိုအတွင်းမအလဟာ သူ့အလုပ်သူလုပ်တယ်။ပြည်သူသတ်သင့်သင့်တယ်သူထင်တယ် သတ်ပြတယ်။

ဒီပြည်သူကြောင့် အဖန်ဖန်အလဲလဲသောက်ရှက်ကွဲရလေခြင်းဟစ်ကြွေးမငိုရုံပဲ၊ လက်စားခြေတယ်။ဘယ်မလဲ လူသားချင်းစာနာမှု။ဒေသခံကာကွယ်ရေးတွေကလွဲပြီးဒီပြည်သူတွေအပေါ်လူသားခြင်းစာနာသူတဦးတယောက်မမြင်တွေ့မိတာအမှန်။

ရှိခဲ့ရင်တော့ ကိုယ်တိုင် စုံလုံးကန်းသူဖြစ်မယ်။ဘယ်သူနေမလဲ..ဘယ်သူသေမလဲဆိုတဲ့ဗျူဟာမအလမှာအပြည့်အဝရှိတယ်။သဘော‌မပေါက်ကြသေးတော့ကျောပေါက်သူတွေ များလာတယ်။

စစ်ရေးမြှူလို့မရဘူး၊ကိစ္စမရှိဘူးပြည်သူ့အသက်အိုးအိမ်ကိုဖျက်စီးတယ်။ထိပါးနှောင့်ယှက်ဖျက်စီးတဲ့အတွက်LDF တွေနဲ့ တိုက်ပွဲတွေစိတ်တယ်။ဘေးက အသာလက်ရှိုစားဖို့ စောင့်ကြည့်ကြတယ်။

ဒီဘက်ကိုစောင့်ကြည့်ချိန်နောက်ကျောဘက် မအလကဝင်ကန်တယ်။ဘယ်သူမှမသိလိုက်ဘူး။အဲဒီခြေရာဟာ ရွေးကောက်ပွဲပဲ။ရွေးကောက်ပွဲလုပ်လိမ့်မယ်။အတိအကျပြောလိုက်မယ်။ဒီအချိန်ဤအခါ စုစည်းခြင်းမပြုနိုင်ရင်ဘယ်တော့မှ တော်လှန်ရေးဆိုတဲ့စကားလေသံမျှပင် မဟနဲ့။

ဒီအချိန်ဟာ နောက်ဆုံးအချိန်၊ဒီတိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲ။ပွဲသိမ်းဒူးချက်ပေးဖို့ အချိန်ကျပြီ။နောက်ဆုံးအချီ နောက်ဆုံးမိနစ်ရောက်ပြီ။

Leave a Reply

Your email address will not be published. Required fields are marked *