မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ ကားမှောက်‌ေ…See more

Posted on

ဧရာဝတီ၊ မတ် ၄၊ ၂၀၂၃

မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုအတွင်း ပါဝင်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၌ ဒို့ညီနောင်အမြန်ယာဉ်လိုင်းကား တိမ်းမှောက်မှုအတွင်း သေဆုံးသူများအနက် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံလည်း ပါဝင်ကြောင်း ကူညီကယ်ဆယ်ရေးအသင်းတသင်းက အတည်ပြုသည်။

ပရဟိတလူမှုကူညီရေးအသင်းတသင်းမှ အဖွဲ့ဝင်တဦးက “ကားတိုက်မှုမှာ ၃ ဦး သေတယ်။ သေတဲ့အထဲမှာ လက်ဝှေ့သမား ရွှေဓူဝံ ပါတယ်။ ဒဏ်ရာ ရတာတွေလည်းရှိတယ်” ဟု ပြောသည်။

အဆိုပါ အမြန်ယာဉ်သည် နေပြည်တော်ဘက်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ရှိ အတားအဆီးကို တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား ၂၀ ဦး၊ မ ၁၁ ဦး စုစုပေါင်း ၃၁ ဦးအနက် ကျား ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ကျား ၁၅ ဦးနှင့် မ ၁၀ ဦးတို့အား လူမှုကူညီရေးအသင်းယာဉ်များဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန် ကျား ၂ ဦးနှင့် မ ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – MFSD/ MLC

Leave a Reply

Your email address will not be published. Required fields are marked *