မြိုင်မြို့နယ်၌ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ထံ ပြည်သူများက ရွှေထည်နှင့် ငွေကျပ် ၁၇၇ သိန်း ကျော်…

Posted on

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ ဒေသခံပြည်သူလူထုတွေက ဂဠုန်ပြောက်ကျား တပ်ဖွဲ့ (မြိုင်) အတွက် လက်နက်အင်အားတိုးချဲ့နိုင်ဖို့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကျပ် ၁၇၇ သိန်း ကျော် လှူဒါန်းခဲ့တယ်လို့ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ရွာသူရွာသားတွေက ရွှေနားကွင်း တရံ၊ ရွှေ နားကပ် တရံ၊ ရွှေကလစ် တခုနဲ့ ငွေကျပ် ၁၇,၇၀၆,၀၀၀ သိန်းကို စုပေါင်း လှူဒါန်းခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ ရိက္ခာ အတွက် ဆန်အိတ် နှစ်အိတ်နဲ့ CZI ဆိုင်ကယ်တစီးတို့ကိုလည်း လှူဒါန်းခဲ့ကြပါတယ်။

ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (မြိုင်)တာဝန်ခံက “ကျနော်တို့အဖွဲ့ အနေနဲ့လည်း အာဏာရှင်ကို ဆက်လက်ပြီး အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်တယ်၊ ပြည်သူတွေအနေနဲ့လည်း ဆက်လက် ပူးပေါင်း ပါဝင်ပေးကြပါ”လို့ ပြောပါတယ်။

အဆိုပါကျေးရွာဟာ ဂဠုနပြောက်ကျား တပ်ဖွဲ့ (မြိုင်) အတွက် ဒုတိယမြောက် လှူဒါန်းတာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊

ဇန်နဝါရီလ ၄ ရက်ကလည်း ပထမအကြိမ်အဖြစ် ရွှေထည်ပစ္စည်း ၁၆ မျိုး လှူဒါန်းခဲ့ပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *