သားဖြစ်သူ ပထမဆုံးအကြိမ်ဝယ်တိုက်သော နို့လက်ဖက်ရည်ကို သောက်လိုက်ရတဲ့အတွက် မျက်ရည်များကျခဲ့တဲ့ ဆင်းရဲနွမ်းပါးသောဖခင်

Posted on

မကြာသေးမီက တတ်နိုင်သလောက် မိဘများကို ချစ်ပြီး ဂရုစိုက်ပါ ဆိုတဲ့ အဓိပ္ပာယ်ရှိသော ကလစ်တိုလေးဖြင့် အွန်လိုင်းအသိုင်းအဝိုင်းကို လှုပ်နှိုးလိုက်ပါတယ် ။

ကလစ်ထဲမှာ AT ဆိုတဲ့ အမျိုးသားက သူ့ဖခင်ကို နို့လက်ဖက်ရည်တစ်ခွက် ဝယ်ပေးလိုက်တာက ဒါဟာပထမဆုံးအကြိမ်လို့ ဆိုပါတယ် ။

အဲဒီနောက်မှာတော့ ဖခင်ဖြစ်သူက နို့လက်ဖက်ရည်လေးကို အကုန်မသောက်ဝံ့ဘဲ နည်းနည်းချင်းစီသောက်ပြီး တစ်ခါသောက်တိုင်း ကောင်းလွန်းလို့ မျက်ရည်ပါကျခဲ့ပါတယ် ။

AT က ရေဒီယိုနဲ့ ရုပ်မြင်သံကြားကောလိပ်မှ ကျောင်းသားငယ်တစ်ဦးဖြစ်ပြီး သူ့မှာ ပိုက်ဆံများစွာမရှိတာကြောင့် သူ့အဖေအတွက် လက်ဆောင်များကို အမြဲမဝယ်ပေးနိုင်တာကြောင့်

သူက နို့လက်ဖက်ရည်ခွက်ဝယ်ပြီး အဖေ့ကို ပေးလိုက်တဲ့အခါမှာ အသက် 60 နီးပါးရှိတဲ့ ဖခင်က ပီတိဖြစ်ပြီး မျက်ရည်ကျလိမ့်မယ်လို့လည်း AT က မမျှော်လင့်ထားခဲ့ဘူးလို့ ဆိုပါတယ် ။

မိဘများက သားသမီးများအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာဟာ မွန်မြတ်လွန်းပါတယ် ။

ဒါဟာ သားဖြစ်သူ လူ့အဖွဲ့အစည်းမှာ မျက်နှာမငယ်အောင်ထားနိုင်ဖို့ ဖခင်ကသူ့စားချင်တာလေးကိုတောင်မစားဘဲ သားအတွက်ကိုသာတွေးတောပေးတာပါ ။

သားသမီးများ ကြီးပြင်းလာတဲ့အခါ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့ လူဖြစ်လာစေရန် သားသမီးများရဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးချင်ကြတာဟာ မိဘတွေရဲ့ စိတ်ရင်းအမှန်ပါ ။

crd

Leave a Reply

Your email address will not be published. Required fields are marked *