ရေမွေးမသုံးဘဲ အရေပြားကို လက်ဖြင့် ပွတ်တိုက်လိုက်ရုံနဲ့ ပန်းရနံ့လို ချိုမြိန်တဲ့အနံ့ကို ရရှိပိုင်ဆိုင်ထားတဲ့ ထူးဆန်ဖွယ်ရာအမျိုးသမီး
အမျိုးသမီးတော်တော်များများအတွက် ရေမွှေးဟာ မရှိမဖြစ် ပစ္စည်းတစ်ခုပါ ။ ရေမွေးဟာ အနံ့ကောင်းစေတဲ့အပြင် မိမိကိုယ်ကို ယုံကြည်မှုကိုလည်း တိုးစေပါတယ် ။ ဒါပေမဲ့ ဗီယက်နမ်အမျိုးသမီးနှစ်ဦးကတော့ ရေမွှေးကို
အားကိုးမနေဘဲ သူတို့ရဲ့ ခန္ဓာကိုယ်က သင့်ပြန့်မွေးကြိုင်တဲ့ ရနံ့များကို ထုတ်လွှတ်နိုင်သောကြောင့် ဖြစ်ပါတယ် ။ ဗီယက်နမ်က Seokjang ပြည်နယ်မှ အထည်ချုပ်ဆရာမ Dang Thi Tuy ဟာ သူမမှာ အံ့သြဖွယ်
အထူးစွမ်းအားများ ရှိတယ်လို့ ဆိုထားပါတယ် ။ သူမရဲ့ အရေပြားကို ပွတ်တိုက်လိုက်ရုံနဲ့ ပန်းပွင့်ရနံ့ကဲ့သို့ အနံ့အသက်ရလာပါတယ် ။သတင်းများအရ သူမဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထိုထူးခြားတဲ့ စွမ်းအားကို ရှာဖွေတွေ့ရှိခဲ့တာပါ ။
အလုပ်များတဲ့နေ့ပြီးနောက် အနားယူဖို့ လက်ခြေတွေကို ပွတ်တိုက်ပေးပြီး ရုတ်တရက်ပင် သူမဟာ လေထဲမှာ ပျံ့လွင့်သွားတဲ့ ချိုမြိန်သောရနံ့ကို ခံစားလိုက်ရပါတယ် ။ နောက်ဆုံးမှာ သူမရဲ့ ကိုယ်ခန္ဓာမှ အနံ့ထွက်လာကြောင်း သူမသဘောပေါက်ခဲ့ပါတယ် ။
“နေ့ခင်းဘက်မှာ ရနံ့သင်းသင်းလေးရချင်ရင် လက်ကို ပွတ်ပေးရမှာ ဆိုပေမယ့် ညဘက်မှာ ပတ်ဝန်းကျင်က လူတွေဟာ သူတို့နဲ့ တစ်မီတာအကွာမှာ ထိုင်နေရင်တောင် ငါ့ခန္ဓာကိုယ်ထဲက မွှေးပျံ့တဲ့ရနံ့တွေ ရနေတုန်းပဲ ။” လို့ အထည်ချုပ်ဆရာမ Dang Thi Tuy က ဆိုပါတယ် ။
အချို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများက ညဘက်မှာ သန်မာတဲ့ အခြားသူများထက် မွှေးကြိုင်တယ်လို့ သူမက ဆိုပါတယ် ။ ဒီအံ့သြစရာကောင်းတဲ့အကြောင်းကို Doc La Binh Duong ရဲ့ YouTube ချန်နယ်မှာ
ထုတ်လွှင့်ခဲ့ပြီး အဲဒီဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ် ။ ထိုထူးခြားတဲ့ စွမ်းအားကို လူအများ အံ့အားသင့်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အဆိုပါစွမ်းအားက ထူးထူးခြားခြားမဟုတ်တော့ဘူးလို့ ထင်ရပါတယ် ။
Kian Sang ပြည်နယ်မှ မစ္စ Dung အမည်ရှိ အမျိုးသမီးမှာလည်း သူမရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်တဲ့အခါမှာ အနံ့အသက်ကောင်းရနိုင်တယ်လို့ ဆိုပါတယ် ။
Credit