“မန်းရာဇာ”အဝေးပြေးခရီးသည်တင် (Express) ကားပေါ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေး…

Posted on

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ၁၁၅ မိုင်ယာဥ်ရပ်နားစခန်း၌ ရပ်နားထားသည့် “မန်းရာဇာ”အဝေးပြေးခရီးသည်တင် (Express)ကားပေါ်တွင်လိုက်ပါလာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မတ် ၅ ရက် ည ၁၀ နာရီခန့်က ကလေးမွေးဖွားခဲ့ကြောင်း သိရသည်။

၁၁၅ မိုင်ယာဥ်ရပ်နားစခန်း၏ ပိုင်အိုးနီးယား စားသောက်ဆိုင်၌ ရပ်နားခဲ့သည့် “မန်းရာဇာ”အဝေးပြေးခရီးသည်တင်(Express)ကားမှ ပြန်လည်ထွက်ခွာရန် ခရီးသည်များအားစုနေစဥ် ကားပေါ်၌လိုက်ပါလာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှ ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။

Express ကားပေါ်၌ ကလေးမွေးဖွားနေကြောင်းသိရှိရသဖြင့် ပိုင်အိုးနီးယား စားသောက်ဆိုင်ပိုင်ရှင်မှ ယာဥ်ရပ်နားကွင်း၌ရပ်ထားသည့် “မန်းရာဇာ”ကားပေါ်သို့ ကလေးအနှီးများယူဆောင်ကာ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

ကလေးမွေးဖွားနေချိန်၌ အမြန်လမ်းကြက်ခြေနီအသင်းမှ အရေးပေါ်ကူညီမှုများပြုလုပ်နိုင်ရန် အသင့်စောင့်ဆိုင်းပေးခဲ့ပြီး သားဖွားဆရာမမှ ချက်ကြိုးဖြတ်ပေးခြင်း၊အချင်းကျရန်ပြုလုပ်ပေးခဲ့သဖြင့် မိခင်နှင့်ကလေးတို့ကျန်းမာလျက်ရှိကြောင်း သိရသည်။

Photo-ကိုဇော်မိုး

Leave a Reply

Your email address will not be published. Required fields are marked *