ရိုးသားတဲ့ အင်းလေးဒေသခံတွေကို ဘဝပျက်သွားစေနိုင်တဲ့ သိန်းပေါင်း တသိန်းကျော် လိမ်လည်မှုကြီး

Posted on

နေဝင်ချိန်မျှော်လင့်ချက် အနည်းငယ်နဲ့ အင်းလေးမှ သိန်းပေါင်းငါးသောင်းကျော် ကိစ္စ၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလကစပြီး အင်းလေးမှာ လုပ်ငန်းတခု လူတွေစိတ်ဝင်စားလာကြတယ်။

ငွေတသိန်းအပ်ရင် အတိုး ၂၃ကျပ်၊ သိန်းတရာအထက်ဆို အတိုး ၃၀၊ သိန်းတထောင်အထက် ကိုယ်စားလှယ်များ ၄၅ ကျပ်အတိုးနှုန်းနဲ့ ကိုယ်စားလှယ်လုပ်တဲ့လူများ သိန်းသုံးရာ ရှာပေးနိုင်ရင် ရွှေေတကျပ်သား သိန်းတထောင်ကျော်ရှာပေးနိုင်ရင် ရွှေငါးကျပ်သား အပိုဆုချက်ခြင်းပေးပါတယ်။

လွန်ခဲ့တဲ့ ခြောက်လလောက်ကစပြီး သိန်းထောင်ချီစု နိုင်တဲ့ကိုယ်စားလှယ်တွေ မှိုလိုပေါက်လာတယ်။ ကိုယ်စားလှယ်ဆီ ထည့်ဝင်တဲ့လူအများစုက သိန်းရာချီထည့်လည်း အတိုးနှုံန်း ၂၃ ကျပ် အများဆုံးသာရပါတယ်။

လက်ရှိမှာ ငွေထည့်ထားကြတဲ့ အင်းလေးဒေသခံများမှ အတိုးလည်းမရတာ တလပြည့်ခါနီးပြီဖြစ်တဲ့ အတွက် မိမိတို့ငွေ ပြန်လည်ရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ရင်တမမ ဖြစ်နေကြတယ်လို့သိရပါတယ်။

ဒီငွေကိစ္စလိမ်လည်မှုဖြစ်သွားရင်တော့ အင်းလေးဒေသခံတော်တော်များများ ဘဝပျက်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့သိရပါတယ်။ အဆိုပါ သတင်းနောက်ဆက်တွဲကို ဆက်လက် ဖော်ပြလိုက်ပါတယ်။

အင်းလေးအတွက် သတင်းဆိုးတစ်ခု၊ အင်းလေးအင်းပေါခုံရွာနေ မနွယ်ရီစိုးနှင့်အမျိူးသားသံဖြူဇရပ်ဇာတိ ကိုဇင်မင်းထွန်းတို့မှ အင်းလေးဒေသနှင့်အခြား အနယ်နယ် အရပ်ရပ်မှငွေကျပ် သိန်းပေါင်း တသိန်းသုံးသောင်းကျော် လိမ်လည် ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရပါသည်။

အဆိုပါလင်မယားအားတွေ့ရှိပါက ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံပါသည်။ မိသားစုဆွေမျိူးမျက်နှာ အင်းပေါခုံရွာနံမည် ထောက်ထားပြီး အဆင်ပြေသလောက် ပြန်လာဖြေရှင်းပေး စေလိုကြောင်း လူအများဆန္ဒအရ တင်ပြခြင်းဖြစ်ပါသည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *