ပက်ပက်စက်စက် စီးပွားတက်စေသော လပြည့်ည နဲ့ ကရဝေးရွက်…

Posted on

စတင်လုပ်ဆောင်ရင်ဖယောင်းတိုင်အဖြူတစ်တိုင်ထွန်း ထားပါ။ကရဝေးရွက်တစ်ရွက်ကိုရေမွှေးဖြန်းပါ။
ကရဝေးအစိုအခြောက် ဘယ်ဟာဖြစ်ဖြစ်ရပါတယ်။

အနာအဆာ အပေါက် အကျိုး မဖြစ်စေရပါ။ အဲဒီ ကရဝေးရွက်ပေါ်မှာ မတ်ကာပင်အနီနဲ့ မိမိနာမည် မွေးနေ့ရေးပါ။မတ်ကာပင် Marker Pen အနီပဲရပါ မယ်။ ဆော့ပင် ဘောပင်အနီမရပါ။

ကရဝေးရွက် ရဲ့အခြားတစ်ဖက်မှာ မိမိလိုအပ်တါလိုတို ရှင်းရေးပါ။ဥပမါ ငွေများစွာဝင်ပါစေ စသည် ။ အင်္ဂလိပ်လိုရေးလည်းရပါတယ်။ ဒါမှမဟုတ် အကြွေး သိန်းတစ်ရာပြန်ရပါစေ စသည်ရေးနိုင်ပါတယ်။

ဈေးရောင်းကောင်းပါစေ လည်းရေးနိုင်ပါတယ်။ စီးပွားရေး ငွေကြေးနဲပတ်သက်ပြီး မိမိ လိုအပ်နေတဲ့ ဆီလျော်သင့်မြတ်ရာရေးနိုင်ပါတယ် ။ပြီးရင် ငွေစက္ကူ ၅၀၀၀တန် ၁၀၀၀၀ တန် တန်၅၀၀ တန် စသည်ရရာတစ်ရွက်ရွက် နဲ့ပတ်လိုက်ပါ။ ငွေစက္ကူကြားထဲရောက်ရင်ရပါပြီ။

ပြီးရင် အဲဒါကို လက်နဲ့ကိုင်ထားပြီး ဒိဝါတပတိဂါထာသက်စေ့ ပူဇော်ပါ။ပြီးရင် အဲဒီငွေစက္ကူနဲ့ ကရဝေးရွက် အခေါက်ကိုဖယောင်းတိုင် မီးနဲ့ နည်း နည်းခွာပြီး မီးအပူပေးပါ။လိုရာဆုတောင်းပါ။

ပြီးရင် အဲဒီအခေါက်အတိုင်းခေါင်းအုံးအောက်ထားအိပ် ပါ။စက္ကူအိတ်နဲ့ ထည့်နိုင်ပါတယ်။ခေါင်းအုံးက မိမိအမြဲ အိပ်နေတဲ့ခေါင်းအုံးဖြစ်ရပါမယ်။နောက်နေ့တွေလည်းညတိုင်းအဲဒီငွေစက္ကူခေါက်ကိုယူပြီးဒိဝါတပတိ သက်စေ့ပူဇော်လက်ထဲကိုင် ထားပါ။ဆုတောင်းပါ။ ခေါင်းအုံးအောက်ပြန်ထားပါ။ စုစုပေါင်း ၇ ရက်ပြည့်ရင်ကရဝေးရွက်ကိုယူပြီးမီးရှို့ ပြာချပါ။

ပြာကိုမိမိအိမ်ရှေ့ အဝင်တံခါးဝမှာကြဲပါ။ ငွေစက္ကူကိုမိမိပိုက်ဆံအိတ်ထဲထားလိုက်ပါ။ဖော်ပြမထားရင်အဲဒီအချက်တွေကမ လိုအပ်လို့ပါ။ မိမိအဆင်ပြေသလိုပြုလုပ်ပါ။ရေးပြထားတာကတော့အတိအကျလုပ်ပါ။လွယ်ကူပါတယ်။ ထိရောက်ပါတယ်။

Crd,ဆရာ ကောင်းသုခ

Leave a Reply

Your email address will not be published. Required fields are marked *