6 March 2023
လူစည်ကားသည့် ရန်ကုန်မြို့လှည်းတန်းစင်တာအနီး လုယက်မှုဖြစ်ပွားခဲ့သော မော်တော်ယာဉ်ကို မတ်လ ၆ ရက်နေ့ မနက်ပိုင်းတွင် ပျဉ်းမနားမြို့ အနီးပြန်လည်တွေ့ရှိခဲ့ကြောင်း ကာယကံရှင်မိသားစုက ymg ကိုပြောသည်။ ပြစ်မှုကျူးလွန်သူတွေကို လိုက်လံစုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့အနီး ရပ်တန့်ထားသော လူမရှိသည့်ယင်းမော်တော်ယာဉ်တွေ့ရှိသည့်အတွက် သက်ဆိုင်ရာရပ်ဆိုင် အုပ်ချုပ်ရေးမှူးက ကာယကံရှင်မိသားစုကို ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အမှုနဲ့ပတ်သက်ပြီး ကမာရွတ်ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း အဆိုပါမိသားစုက ပြောသည်။
ပြီးခဲ့သည့်မတ်လ ၃ ရက်နေ့ နေ့လည်ပိုင်းက ယာဉ်ပိုင်ရှင်ဦးမောင်မောင်ဦးအမည်ပေါက်သည့် အဆိုပါယာဉ်ကို အမည်မသိအမျိုးသား ၃ ဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး Mitsubishi Colt plus အဖြူရောင်ကားပေါ်တွင် သိန်း၁၀၀ တောင်းယူကြောင်းမရသည့်အခါ အသင့်ပါလာသည့်
ငွေကျပ် ၁၀ သိန်းနှင့် မော်တော်ယာဉ်ကို ယူဆောင်မောင်းနှင်သွားပြီး အမည်မဖော်လိုသူ အလုယက်ခံရသူကို မဂ်လာဒုံမြို့နယ်နွယ်ခွေမှတ်တိုင်တွင်ထားခဲ့ပြီး Owner Book ပါသွားသည့်ဖြစ်စဉ်ဖြစ်သည်။
# YMG