မတ်လ ၆
အမျိုးသမီး တစ်ဦးဆီက ဖုန်းလုတာ မပေးလို့ဆိုပြီး ခေါင်းကို ဓားဖြင့် ခုတ်ပြေးမှု ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ သိရပါတယ်။
မတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်း က လှိုင်သာယာမြို့နယ် ရိုး လေး အနီးရှိ ကမ္ဘာသစ်ဆီဆိုင်ရှေ့တွင် လမ်းလျှောက်လာ သည့် အမျိုးသမီး တစ်ဦးနဲ့အ မျိုးသား တစ်ဦးတို့ကို ဆိုင် ကယ်စီးလာတဲ့အမျိုးသား ၂ ဦးက ဖုန်းလုယက်ခံရပြီး
လုယူ သူများမှ အမျိုးသမီး၏ ဦးခေါင်းအား ဓားဖြင့် ခုတ်၍ထွက်ပြေးသွားကြောင်းသတင်းရရှိလို့အဆိုပါ အသင်း က သွားရောက် ကူညီပေးခဲ့တာပါ။
အဆိုပါ ဖြစ်စဉ်အတွင်း ဖုန်းလုယက်ခံရပြီး ခေါင်းကို ဓားဖြင့် အခုတ်ခံရလို့
သွေးထွက် လွန်နေသော အမျိုးသမီးအား လိုအပ်သော ဆေးကုသမှုပေးကာ လှိုင်သာယာပြည်သူ့ ဆေးရုံ ကြီးသို့ အရေးပေါ်ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း သိရပါ တယ်။