အသက် ၃၀ အရွယ် မသန်စွမ်းသမီးလေးကို ကိုယ်သွားတဲ့နေရာတိုင်း ကျောပိုးပြီး အမြဲခေါ်ဆောင်လေ့ရှိတဲ့ အံ့သြဖွယ် မိခင်အိုတစ်ဦး

Posted on

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက အားနည်းတဲ့ အမျိုးသမီး Julieta Lorenzo အမည်ရှိအဖွားတစ်ဦးဟာ သူမရဲ့အသက်၃၀ အရွယ် မသန်စွမ်းတဲ့ သမီးကို ဘဏ်သို့ ပင်စင်ထုတ်ယူပြီး

သူမကိုယ်တိုင်ကျောပိုးသယ်ဆောင်ခဲ့တဲ့ မြင်ကွင်းဟာအွန်လိုင်းပေါ်မှာမကြာသေးမီကကျွန်းစုတစ်ဝိုက်ရှိ ထောင်ပေါင်းများစွာသော လူတွေရဲ့ နှလုံးသားကို ပျော်ဝင်စေခဲ့ပါတယ်။

နှလုံးနွေးထွေးဖွယ်ဓါတ်ပုံများကို Julieta နဲ့ သူမရဲ့သမီးကို ကျောပိုးစဥ်မှာ Roxas မြို့ရှိ ဖွံ့ဖြိုးရေးဘဏ်ရုံးခွဲမှာ ရောက်ရှိနေတဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ Gilbred Cargason Alsagon Jr က ရိုက်ယူခဲ့တာပါ။

သူမက အရွယ်ရောက်ပြီးဖြစ်တဲ့ သူမရဲ့ သမီး‌လေးကို ကျောပိုးကာ ဘဏ်ထဲမှာရှိတဲ့ သူတွေအားလုံးအပေါ် ကြီးမားတဲ့စွဲမှတ်မှု ဖြစ်စေခဲ့တယ် လို့ Alsagon က ပြောကြားခဲ့ပါတယ်။

သို့ပေမဲ့ များစွာတဲ့လူတွေက သူမကိုကူညီရန် ကမ်းလှမ်းသော်လည်းသူမရဲ့သမီးဖြစ်သူ Mary Jane ကို သူမကိုယ်တိုင်သာ သယ်ဆောင်ရန် ဘယ်သူ့ကိုမှ ယုံကြည်မှုမရှိ ဆိုပြီး ယဉ်ကျေးစွာငြင်းဆိုခဲ့တာပါ။

Julieta နဲ့ Mary Jane တို့ဟာ ၆၉ နှစ်အရွယ် P2,000(ဒေါ်လာ ၄၀)ရဲ့ ပင်စင်ကိုစုဆောင်းရန် လစဉ်လတိုင်းဘဏ်ကိုလာကြတယ်လို့ Alsagon က သိပြောကြားခဲ့ပါတယ်။

Gilbred Cargason Alsagon Jr က သူတို့သားအမိကို ကြည့်ရှုစောင့်ရှောက်ဖို့ လူတွေကူညီရန် ပိုကောင်းတဲ့အနေအထားရှိသူတွေဆီ

ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံအနည်းငယ်ကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဗီဒီယိုတိုတိုနဲ့ တင်လိုက်ပါတယ်။

၎င်းဗီဒီယိုဟာ အလွန်ပျံ့နှံ့သွားပြီး နောက်ဆုံးမှာ အမျိုးသားမီဒီယာများက ထိုသတင်းကို ထပ်မံစုံစမ်းခဲ့ပါတယ်။

Julieta Lorenzo ဟာသူမရဲ့မသန်စွမ်းသမီးလေးကိုစောင့်ရှောက်နေတာ ဆယ်စုနှစ် သုံးခုရှိပြီ ဖြစ်ပါတယ်။

Mary Jane က သုံးနှစ်သမီးအရွယ်ကတည်းကစကားမပြောနိုင်ရုံသာမကလမ်းမလျှောက်နိုင်ခဲ့တဲ့အတွက် Julieta က သူမရဲ့သမီးကို

သူသွားရာနေရာတိုင်းမှာ သယ်ဆောင်သွားပြီး သူမရဲ့မျက်စိရှေ့မှာ အလွတ်မခံခဲ့ပါဘူး။

၆၉ နှစ်ရှိပြီဖြစ်တဲ့ Julieta နဲ့ သူမရဲ့ သမီးတို့နှစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံ၊ Roxas မြို့ရှိ Bolo ကျေးရွာမှာ နေထိုင်ပြီး လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက တည်းခိုခဲ့တဲ့ ကျိုးနွံတဲ့ အိမ်ကို ရောက်ရန် သစ်ပင်မြစ်တွေ နဲ့ ဖုံးအုပ်ထားပြီး ဖုန်ထူတဲ့လမ်းကိုလျှောက်လှမ်းရပါတယ်။

Julieta ရဲ့နည်းပါးတဲ့ပင်စင်နဲ့ သူမရဲ့သမီးလေးအတွက် ဆေးကုသပေးဖို့ အလုံအလောက်မရှိကြောင်းကို ရှင်းရှင်းလင်းလင်းသိနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *