လပွတာမြို့နယ်တွင် အစာအဆိပ်သင့်၍ ကလေးနှစ်ဦးအသက်…

Posted on

လပွတ္တာမြို့နယ် အနောက်သိုင်းချောင်းကျေးရွာတွင် မွေးမြူရေးဘဲသားကို အာလူး၊ ကုလားပွေးရွက်ဖြင့် ချက်စားရာမှ အစာဆိပ်သင့်ကာ ကလေးငယ်နှစ်ဦးအသက်ဆုံးပါးခဲ့ရပြီး နှစ်ဦးဆေးရုံတင်ထားရသည်ဟု ဒေသခံများထံက သိရသည်

လပွတ္တာမြို့နယ် ကကရံအုပ်စု အနောက်သိုင်းချောင်းကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ဖခင်ဖြစ်သူ ချက်ပြုတ်ထားသော မွေးမြူရေးဘဲသား၊

အာလူး၊ကုလားပွေးရွက်ဟင်းကို သားဖြစ်သူနှင့် အိမ်နီးချင်းကလေးသုံးဦးမှ စားမိခဲ့ပြီးနောက် ဖရဲသီးထပ်မံစားရာမှ အစာအဆိပ်သင့်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေတဲ့အထဲမှာ တစ်ဦးက ကိုလင်းလင်းရဲ့ သား နောက်တစ်ဦးက အိမ်နီးချင်ကလေး သုံးနှစ်ပဲရှိသေးတယ် မနေ့ညနေက ဖြစ်တာ ဖြစ်ဖြစ်ချင်း တိုက်နယ်ဆေးရုံပို့တာ နှစ်ဦးသေသွားတယ် နှစ်ဦးက ဆေးရုံတင်ထားရတယ်”ဟု ပြောသည်။

ကလေးငယ်လေးဦး မူးဝေအော့ အန်နေချိန်တွင် ကန်ဘက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အသက် ၁၃ နှစ်အရွယ်မောင်ဘုန်းမြတ်မင်းနှင့် အသက် ၃ နှစ်အရွယ် မောင်နေထက်နိူင်တို့နှစ်ဦးမှာ နာရီဝက်ခြားကာ သေဆုံးသွားသည်ဟုမြို့ခံတစ်ဦးက ပြောသည်။

“ကျန်တဲ့ကလေးနှစ်ဦးကလည်း ဆေးရုံက မဆင်းရသေးဘူး ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်ကန်ဘက်တိုက်နယ်ဆေးရုံမှာပဲ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် အစာအဆိပ်သင့်နေသည့် အသက် ၁၇ နှစ်ရွယ် မောင်ရဲဝင်းနိုင်နှင့် အသက် ၇ နှစ်အရွယ် မသက်ထားဦးတို့နှစ်ဦးမှာ ကန်ဘက်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ဒေသခံများထံက သိရသည်။

🖋️ကိုပေါက်
#CjPlatform #အစာဆိပ်သင့် #လပွတ္တာမြို့

Leave a Reply

Your email address will not be published. Required fields are marked *