ရေငုပ်ရှာဖွေချိန် (1:30) အတွင်း ကျန်ရှိ ရုပ်အလောင်း (3)လောင်းစလုံးအား ဆယ်ယူပေးခဲ့
ရေနံချောင်းမြို့ / ညောင်လှရပ်ကွက် (ဧရာဝတီမြစ်) ညောင်လှချောင်းသာတွင်
ကလေးငယ် (4) ဦး ရေနစ် ပျောက်ဆုံးမှု ဖြစ်စဉ်ကိုအကူအညီ တောင်းခံချက်အရ
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အား စေလွှတ်ပေးခဲ့ရာ အခင်းဖြစ်ပွါးသည့် နေရာ အား
15:00 နာရီ တွင် ရေငုပ်အဖွဲ့ စတင်ရောက်ရှိပြီး အခင်းဖြစ်နေရာအား လေ့လာခြင်း /အတွေ့အကြုံများ နှင့် ပေါင်းစပ် သုံးသပ်ခြင်းများ ပြုလုပ် ၍
15:36 နာရီ တွင် စတင် ရေငုပ်ရှာဖွေ ခဲ့ရာ 15:52 နာရီ တွင် ပထမ ရုပ်အလောင်းမနိုင်နိုင်မော် (13 နှစ်) အား လည်းကောင်း /
16:23 နာရီ တွင် ဒုတိယ ရုပ်အလောင်း မောင်ဝေလျှံဆက် (6 နှစ် ) အား လည်းကောင်း
16:52 နာရီ တွင် တတိယ ရုပ်အလောင်း မသက်ထားစံ (15 နှစ်) အား လည်းကောင်း
ဧရာဝတီမြစ် ကြမ်းပြင် ပျမ်းမျှ ရေအနက် 40-45 ပေ ဝန်းကျင် မှအသီးသီး ဆက်တိုက် ဆယ်ယူပေးနိုင်ခဲ့ပြီး
ရေငုပ်ကယ်ဆယ်ရေးလုပ်ငန်းလုပ်ချိန် (1:30) နာရီ အသုံးပြုကာ ကျန်ရစ်သူ မိသားစုဝင်များ ၏ အပူ ကို ဖေးမ စာနာ ၍ ကူညီပေးနိုင်ခဲ့ ပါသည်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး ကော်မတီ ) တိုင်းဒေသကြီး ကော်မတီရုံး
09 – 767 119 119 / 09 – 787 119 119 / 09 – 440 119 119
သကျသီဟကျောင်း တိုက် / အမရပူရမြို့နယ် / မန္တလေးမြို့