အမှုဖြစ်စဥ်မှာ ၁၈.၂..၂၀၂၃ရက်မွန်းလွဲ ၂နာရီ၅မိနစ်အချိန်ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊အမာနယ်မြေရဲစခန်းတွင်ဒုရဲအုပ်…တာဝန်ထမ်းဆောင်နေစဥ်ဒေါ်အိအိသိန်း(၃၉)နှစ်၊လယ်လုပ်၊ကိုးတွင်းကျေးရွာ၊
ထယ်ပင်ဆိပ်ကျေးရွာအုပ်စု၊အမာမြို့နေသူက၎င်းသည် ၁၈..၂..၂၀၂၃ရက်မွန်းတည့်၁၂နာရီကျော်အချိန်ခန့်တွင်ထယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ရေကျော်ကျေးရွာ၌ရှိနေချိန်လွန်ခဲ့သော(၃)လခန့်က
သမီးတော်စပ်သူမနီလာအေးနှင့်ခင်ပွန်းဖြစ်သူမောင်မျိုးတို့စကားများရန်ဖြစ်ကြပြီးနီလာအေးသည်ဒေါ်အိအိသိန်းနေအိမ်သို့လာရောက်နေထိုင်သောကြောင့်ကိုမျိုး(၂၆)နှစ်၊
ကျပန်းလုပ်သူကဒေါ်အိအ်သိန်း၏နေအိမ်အရှေ့သို့ဓားကိုင်ပြီးရောက်ရှိလာကြောင်းသိရသည်။၎င်းနောက်ကိုမျိုးကနီလာအေးကိုလာရောက်ခေါ်ဆောင်ရာနီလာအေးကမလိုက်သဖြင့်
ကိုမျိုးကနေအိမ်အပေါ်သို့တက်လာပြီးဒေါ်အိအိသိန်း၏ခင်ပွန်းအောင်ကိုဝင်း၊ဒေါ်ကြည်ထွေး၊လှမျိုးလွင်နှင့်နီလာအေးတို့(၄)ဦးကိုကိုင်းခုတ်ဓားမနှင့်လိုက်ခုတ်ရာအောင်ကိုဝင်း(၄၁)နှစ်၊
လယ်လုပ်သူမှာဝဲဘက်ခါးတွင်(၄)လက္မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ဒေါ်ကြည်ထွေးတွင်ယာဘက်ဦးခေါင်း(၂)လက္မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ယာဘက်ပုခုံးပွန်းခြစ်ဒဏ်ရာ၊
ယာဘက်ခါးတွင်ညိုမဲဒဏ်ရာ(၁)ချက်၊လှမျိုးလွင်တွင်ဦးခေါင်းနောက်စေ့(၂)လက္မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ဝဲဘက်လက်ညှိုးလက်မပြတ်ရှဒဏ်ရာ(၁)ချက်၊နီလာအေးတွင်ဝဲဘက်လည်ပင်း(၄)လက္မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိကာဒေါ်ညိမ်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကုသမှုခံယူနေရသဖြင့်သမီးဖြစ်သူနှင့်
အပေါင်းအပါတို့ကိုဓားနှင့်ခုတ်သူကိုမျိုးကိုဥပဒေအရအပြစ်ပေးအရေးယူပေးပါရန်တိုင်တန်းခဲ့ရာအမာနယ်မြေရဲစခန်း (ပ)၆ /၂၀၂၃ရာဇသတ်ကြီးပုဒ်မ၃၂၆/၃၂၄/၄၅၂ အရအမှုရေးဖွင့်ကာစစ်ဆေးခဲ့ကြောင်းသိရသည်။
ရဲတပ်ဖွဲ့ဝင်တို့ကအခင်းဖြစ်ရပ်စစ်ဆေးခြင်း၊သက်သေတစ်ချို့စစ်မေးခြင်း၊ဒဏ်ရာရရှိသူတို့ကိုရဲဆေးစာပေးပို့ကာပြစ်မှုကျူးလွန်သူငမျိုး(ခ)ဇော်မျိုးလွင့်(၂၆)နှစ်ကို
ညနေ၄နာရီခွဲအချိန်ဖမ်းဆီးရမိကာအခင်း ဖြစ်စဥ်ကအသုံးပြုခဲ့သောအရိုး(၁၄)လက္မ၊အသွား(၁၁)လက္မ၊အရိုးအသွား(၂၅)လက္မခန့်ရှိသောဝါးရိုးတပ်ကိုင်းခုတ်ဓားမကို
သိမ်းဆည်းကာစစ်ဆေးနေစဥ်အမှုမှဒဏ် ရာ ရရှိသူနီလာအေး(၂၀)နှစ်မှာညနေ၅နာရီခွဲအချိန်ရရှိထားသောဒဏ်ရာဖြင့်သေဆုံးသွားသောကြောင့်မူလရေးဖွင့်ထားသောပုဒ်မ၃၂၆/၃၂၄/၄၅၂မှ၃၀၂/၃၂၄/၄၅၂အရအမှုရေးဖွင့်ကာစခန်းမှုးကလက်ခံစစ်ဆေးလျက်ရှိကြောင်းသိရသည်။
ဦးဘုန်းနိုင်(ရေးမြို့)S.H
ရှုထောင့်သတင်းစုံဂျာနယ်