ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုနယ်၊ နောင်တာလောကျေးရွာမှာ အသက် ၄ နှစ်သာရှိသေးတဲ့ မိန်းကလေးငယ်တစ်ဦးအပေါ် အဓမ္မပြုကျင့်ပြီး
ရေနှစ်သတ်ဖြတ်ခဲ့တဲ့တရားခံဖြစ်သူကို ဝိုင်းမော်မြိုမရဲစခန်းမှာ ဖမ်းဆီးအရေးယူထားတယ်လို ဒေသတွင်း သတင်းမီဒီယာများရဲ့ ဖော်ပြမှုအရ သိရပါတယ်။
တရားခံဖြစ်သူဟာ အုတ်လုပ်သားဖြစ်တဲ့ မဲလုံး (ခ) ပေါက်ခေါ(ခ)စိုးလင်းဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်၊မနက်ပိုင်းက နောင်တာလောကျေးရွာအရှေ့ဘက်မှာရှိတဲ့
အုတ်ဖိုအနီးမှာ ၎င်းမိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီးမှ ရေနှစ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူ မုဒိန်းကောင် မဲလုံး(ခ) ပေါက်ခေါ(ခ)စိုးလင်း ဆိုသူကို ဝိုင်းမော်မြိုနယ်၊ မြိုမရဲစခန်းက (ပ)၁၉/၂၀၂၃ ၊
ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၇၆ /၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို သိရပါတယ်။
ဦးသက်(ရွှေမိုးသောက်)
crd-mhtnews