အသက် ၁ နှစ်အရွယ်မိန်းကလေးတစ်ယောက် ဦးခေါင်းထဲမှာသန္ဓေတည်…

Posted on

တရုတ်နိုင်ငံက အသက် (၁) နှစ်အရွယ်မိန်းကလေးတစ်ယောက်ဟာ ဦးခေါင်းကြီး, ကြီးလာပြီး အခြားပုံမှန်ရှိသင့်တဲ့ဖွံဖြိုးမှုများမရှိပဲ နောက်ကျနေတဲ့အတွက် ဆရာဝန်များက သူမရဲ့ဦးခေါင်းကိုဓာတ်မှန်ရိုက်ကြည့်ခဲ့ပါတယ်။

အဲ့ဒီအခါမှာ Ferus-in-fetu လို့ခေါ်တဲ့ သူမရဲ့အမွှာဟာ သူမရဲ့ကိုယ်ထဲမှာပြန်ပြီးသန္ဓေတည်နေတဲ့ ရှားရှားပါးပါးဖြစ်စဉ်ကို တွေ့ခဲ့ရပါတယ်။

တချိန်ကမိခင်ရဲ့ဝမ်းဗိုက်ထဲမှာ အမွှာအဖြစ်အတူတူသန္ဓေတည်ခဲ့တာဖြစ်ပေမဲ့ တစ်ယောက်ကဖွံ့ဖြိုးလာပြီး မဖွံဖြိုးပဲကျန်နေသူက ဖွံ့ဖြိုးလာသူရဲ့ကိုယ်ခန္ဓာထဲမှာ ပူးပေါင်းသွားခြင်းဖြစ်ပါတယ်။

ဆရာဝန်တွေက အခုလိုဦးခေါင်းထဲက (၁၀) စင်တီမီတာလောက်ရှိတဲ့ လက်တွေစတင်ဖြစ်ပေါ်နေတဲ့ သန္ဓေသားလောင်းကို ခွဲထုတ်ပေးခဲ့ရပါတယ်။

ဒီအကြောင်းအပြည့်အစုံကို American Academy of Neurology ရဲ့အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

https://n.neurology.org/content/100/9/444

၁၉၈၂ ခုနှစ်တုန်းကလည်း ရက်သတ္တပတ် (၆) ပတ်ရှိ ကလေးတစ်ယောက်ရဲ့ ဦးခေါင်းထဲမှာ (၁၄) စင်တီမီတာရှည်လျားတဲ့ အလားတူအမွှာပူးသန္ဓေတွေ့ရှိခဲ့ရဖူးပါတယ်။

#RichardMyoThant
9-March-2023

Leave a Reply

Your email address will not be published. Required fields are marked *