ဦးနှောက်သွေးကြောပြတ်ပြီး အနုပညာရှင်တစ်ယောက် ရုတ်တရက် ကြွေလွင့်သွားပြန်ပါပြီ စိတ်မကောင်းလိုက်တာ 😔
မြန်မာသံစဉ် သီဆိုသူ အဆိုတော်တွံတေးစိုးအောင်မှာ မတ်လ ၈ရက် နံနက် ၂ နာရီ ၃ မိနစ်က ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သားဖြစ်သူ တွံတေးဟိန်းကျော်က အသိပေးလာပါတယ်။
“ဒီမနက်ပေါ့။ ၂ နာရီ ၃ မိနစ်က ကျွန်တော့်ရဲ့ အဖေ နိုင်ငံကျော်တေးသံရှင် တွံတေးစိုးအောင် ကွယ်လွန်သွားပါပြီ။
အားပေးကြတဲ့ပရိသတ်ကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ တွံတေးဟိန်းကျော် ကိုယ်တိုင် ဝမ်းနည်းစွာ အသိပေးလာပါတယ်။
ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ကာ ရန်ကုန်ဆေးရုံကြီး မှာ ကွယ်လွန် ခဲ့တဲ့ တွံတေးစိုးအောင် က
ကိုယ်ပိုင်သီချင်းများစွာရေးစပ်သီဆိုခဲ့ပြီး တေးစီးရီးပေါင်းများစွာ ဗီဒီယိုကားများစွာကိုလည်း သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။