ဘန်ကောက်မြို့ ပလက်တီနမ်မောလ် အရှေ့၌ မြန်မာအချင်းချင်း ဓာ းထိုးမှုဖြစ်ပြီး အမျိုးသမီးတစ်ဦး ..

Posted on

ရန်ကုန်၊ မတ် ၉

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပလက်တီနမ်မောလ် ကုန်တိုက်ရှေ့၌ လုပ်ငန်းခွင်အတွင်း မကျေနပ်မှုများကြောင့် မြန်မာနိုင်ငံသားအချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ိုင်းနိုင်ငံအခြေစိုက်သတင်းမီဒီယာများ၏က ပလက်တီနမ်မောလ်(Platinum Mall) အရှေ့၌ ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ဓားထိုးခံခဲ့ရပြီး ဓားဒဏ်ရာ ၅ ချက်ဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု ကနဦးသတင်းများ ဖော်ပြထားသည်။

ဓားဖြင့် ထိုးခဲ့သူ မြန်မာအမျိုးသားမှာ သေဆုံးခဲ့သည့် အမျိုးသမီးနှင့် လုပ်ငန်းခွင်တစ်ခုတည်း၌ အတူတူလုပ်ကိုင်နေခဲ့သူများဖြစ်ကြပြီး ၎င်းအမျိုးသမီးမှာ ထိုအမျိုးသား၏ လုပ်ငန်းခွင်အတွင်း ပျက်ကွက်မှုများနှင့်ပတ်သက်ပြီး သူဌေးထံသို့ တိုင်းကြားခဲ့သည်ကို မကျေနပ်သဖြင့် ယခုလို ဓားထိုးမှုအထိ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနတို့က ဖော်ပြသည်။

ဓားထိုးခံရ၍ သေဆုံးခဲ့သည့် အမျိုးသမီးမှာ အသက် ၃၄ နှစ်အရွယ်ရှိ မဖြူမာအောင် ဆိုသူဖြစ်ပြီး ၃ လက်မခန့်အရွယ်အစားရှိသည့် ဓားဖြင့် ၅ ချက်အထိ ထိုးသွင်းမှုခံရကာ ဆေးရုံသို့ ရောက်ရှိပြီး မိနစ် ၃၀ အတွင်း သေဆုံးခဲ့သည်ဟု သိရသည်။

ဓားထိုးမှုကျူးလွန်ခဲ့သည့် ရွှေ့ပြောင်းမြန်မာလုပ်သား ကိုသက်လွင်ဦးကိုလည်း ရှော့ပင်းမောလ်မှ လုံခြုံရေးများနှင့် ထိုင်းရဲတပ်ဖွဲ့တို့က အချိန်မီဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းကို လူသတ်မှုဖြင့် ဖမ်းဆီးခေါ်ဆောင်စစ်ဆေးလျက်ရှိကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြထားသည်။

ဂျူဂျူး

Photo; ko sai
ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *