ပုသိမ်ကြီးမြို့တွင် ညအချိန် သူခိုးစောင့်ဖမ်းသူများက စစ်ကောင်စီတပ်မှ ဗိုလ်မှူးကို သူခိုးထင်၍ ရို္ က်နှ္ က်ထို းကျိတ်…

Posted on

ဧရာ၀တီတိုင်းမ်၊ မတ်လ ၈ ရက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာရှိ ၀န်ထမ်းအိမ်ရာတွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေသဖြင့် အိမ်ရာမှ၀န်ထမ်းများနှင့်

အိမ်ရာဥက္ကဋ္ဌတို့ ညအချိန်သူခိုးစောင့်ဖမ်းရာ စစ်ကောင်စီတပ် မှ ဗိုလ်မှူးတစ်ဦးကို သူခိုးနှင့်မှားယွင်းကာ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သူခိုးများသည် မဲကင်းကုန်း ၀န်ထမ်းအိမ် ရာ ဘက်ရှိ ဆိုင်ကယ်များကို ၀င်ရောက် ခိုးယူမှုများရှိသဖြင့် အိမ်ရာလုံခြုံရေးများနှင့်

အိမ်ရာဥက္ကဋ္ဌတို့က ပြီးခဲ့သည့် မတ် လ ၂ ရက်နေ့ ညပိုင်းအချိန်တွင် သူခိုးဖမ်းရန် စောင့်နေစဉ် အဆိုပါ ဗိုလ်မှူးကို သူခိုးနှင့်မှားယွင်းကာ ရိုက်နှက်ဖမ်းဆီးခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

“အိမ်ရာ အုပ်ကြီးတို့အဖွဲ့က သူခိုးဖမ်းဖို့စောင့်နေကြတာ။ အဲဒီအချိန်မှာ ခလရ (၉၅) ထဲက ဗိုလ်မှူးကို သူခိုးနဲ့မှားပြီး ဝိုင်းရိုက်ကြတာ။ ပြီးမှ ဗိုလ်မှူးမှန်း သိကြတာ။

လက်ကလွန်ပြီးသွားတာမို့ အုပ်ကြီးအပါအ၀င် စောင့်ဖမ်းပြီး ဝိုင်းရိုက်ကြတဲ့ လူတွေ အကုန်လုံးကို သူခိုးနဲ့မှားပြီးအရိုက်ခံရတဲ့ ဗိုလ်မှူးက ပြန်ဖမ်းသွားတယ်။ အုပ်ကြီးကိုတော့ ခေါ်သွားပြီး နောက်နေ့ပဲချက်ချင်းပြန်လွှတ်ပေးလိုက်တယ်။

အုပ်ကြီးခမြာ ထုထောင်း ခံထားရတာ စုတ်ပြတ်လို့။ ကျန်တဲ့သူတွေကိုတော့ ဆက်ဖမ်းထားတယ် မလွှတ်ပေး သေးဘူး။ တစ်ပတ်လောက်‌ရှိတော့မယ်” ဟု ပုသိမ်ကြီးမြို့နယ်နေ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

သူခိုးထင်၍ အရိုက်ခံရသူသည် မန္တလေးမြို့ပေါ် အမှတ် (၉၅) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးဖြစ်ပြီး “သူခိုး” ဟုဆိုကာ ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု တပ်တွင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ် ဗိုလ်မှူးကို သူခိုးဟု ဆိုကာဝိုင်းရိုက်ခဲ့ကြသည့် အိမ်ရာမှ လုံခြုံရေးအဖွဲ့များကို ယနေ့ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘဲ အိမ်ရာ ဥက္ကဋ္ဌဆိုသူမှာ စစ်တပ်ထွက် စစ်မှုထမ်းဟောင်းဖြစ်၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *