မိခင်ဖြစ်သူနဲ့ စကားများပြီး နေအိမ်ကို မီးနဲ့…

Posted on

မိခင်ဖြစ်သူနဲ့ စကားများပြီး နေအိမ်ကို မီးရှို့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ရွာမှာ အရက်မူးနေသူတဦးက သူ့အိမ်ကို မီးရှို့ရာကနေ ပတ်၀န်းကျင်အိမ်တွေကို မီးကူးသွားပြီး နေအိမ် ၃ လုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ အဲဒီရွာသားတွေက ပြောပါတယ်။

ဒီကနေ့ မတ်လ ၉ ရက် နေ့လယ်ပိုင်းမှာ အဲဒီရွာသားတဦးက သူရဲ့ မိခင်ဖြစ်သူနဲ့ စကားများပြီး နေအိမ်ကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူက မူးနေတာ၊ သူ့အမေနဲ့ စကားများပြီး အိမ်ကို မီးရှို့တာမှာ ဘေးအိမ်တွေကို ကူးသွားတာ၊ ရွာသားတွေ ဝိုင်းငြှိမ်းကြတယ်၊ တော်တော်ကံကောင်းလို့သုံးအိမ်ပဲ လောင်သွားတယ်” လို့ ပိုးရွှီပြင်ရွာသားတဦးက DNA ကို ပြောပါတယ်။

အဲဒီလို လူနေအိမ်ကို မီးရှို့ခဲ့သူကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရခိုင့်တပ်တော်( ULA/AA)ရဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့၀င်တွေက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ULA က ချက်ချင်း လာဖမ်းသွားတယ်၊ ဒီဘက်မှာက ဘာအမှုပဲဖြစ်ဖြစ် ဖမ်းတာ၊ ဆီးတာတွေကို ကိုယ့်လူတွေပဲ အကုန်လုပ်ပါတယ်”လို့ နောက်ထပ်ရွာသားတဦးက ပြောပါတယ်။

အခုလတွေထဲမှာ ရခိုင်ပြည်နယ်အတွင်း မီးလောင်မှုတွေ မကြာခဏ ရှိနေပြီး နွေဦးကာလကိုလည်း ရောက်လာပြီဖြစ်လို့ မီးသတိရှိကြဖို့ AA ပြောခွင့်ရ ခိုင်သုခက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *