၉၈ ရာခိုင်နှုန်းအထိ အစစ်နီးပါးတူအောင် ပြုလုပ်ထားတဲ့မြန်မာငွေစက္ကူတုများ လူမှုကွန်ရက်မှတဆင့်အရောင်း အဝယ်ဖြစ်နေ

Posted on

မြန်မာကျပ်ငွေ စက္ကူအတုတွေကို အာမခံချက်တွေနဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီး အရောင်းအဝယ်ဖြစ်နေပြီး ငွေအတုကို ပြန်လည်ဖြန့်ဖြူးဖို့အတွက် ဝယ်သူသုံးစွဲသူတွေ ရှိနေပါတယ်။

ငွေစက္ကူတုကို ထိုင်းနိုင်ငံက စက်နဲ့ ၉၈ ရာခိုင်နှုန်းအထိ အစစ်နီးပါးတူအောင် ပြုလုပ်ထားပြီး သုံးစွဲသူကိုယ်တိုင် ထုတ်မပြောလျှင် အတုမှန်းမသိနိုင်အောင် ထုတ်လုပ်ထားသလို ငွေစက္ကူနံပါတ်တွေကိုလည်း တစ်ရွက်နဲ့ တစ်ရွက် မထပ်အောင် ထုတ်လုပ်ထားတယ်လို့ ငွေစက္ကူအတု အရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။

လက်ရှိ ငွေတုပေါက်ဈေးကတော့ ငွေတု ကျပ် ၆ သိန်းကို ၅ သောင်း၊ ငွေတု ၁၂ သိန်းကို ၁ သိန်းကျပ်နဲ့ wave money နဲ့ ရောင်းချပြီး ကားဂိတ်တွေကတဆင့် ပို့ဆောင်ပေးကာ ငွေအတုတွေကို ဘဏ်တွေကလွဲလို့ တခြားနေရာတွေမှာ သုံးစွဲလို့ရတယ်လို့လည်း ပြောပါတယ်။

ငွေအတုအများကြီးကို လက်ဝယ်ကိုင်ဆောင်ပြီး ဘဏ်ကိုငွေသွင်းတာ၊ ငွေလွှဲတာအပြင် ကိုင်ဆောင်တဲ့သူကို ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး

ငွေအတု တစ်ရွက် နှစ်ရွက်လောက်ပါခဲ့ရင် အပေါက်ဖောက် ဖျက်ဆီးပြီး ဘဏ်က သိမ်းဆည်းထားတယ်လို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က မကွေးတိုင်း၊ ငဖဲမြို့နယ် ပျဥ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ထိုးမုန့်ဘူးတွေအတွင်း ငွေစက္ကူအတု ကျပ် သိန်း ၅၀ နဲ့အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *