မိုင်းဖုန်းဆရာတော်ကြီး၏ဆန္ဒအရ ဘုရားဝန်းအတွင်းရှိ တောရိုင်းတိရစ္ဆာန် ၄၃ ကောင်အားတောတွင်းသို့…

Posted on

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ဆွတ်ဆိုင်ကျေးရွာအနီးရှိ လွယ်ယွန်းခမ်းဘုရားကျောင်းဝန်းအတွင်းမွေးမြူထားသည့် တောရိုင်းတိရစ္ဆာန် ၄၃ ကောင်အား မတ် ၁၀ ရက်(ယနေ့)တွင် တောတွင်းသို့ပြန်လွှတ် ပေးခဲ့ကြသည်။

တောရိုင်းတိရစ္ဆာန် ၄၃ ကောင်အား လွယ်ယွန်းခမ်းဘုရားစေတီကျောင်းဝန်းအတွင်း၌ လှောင် အိမ်များဖြင့်မွေးမြူထား၍ မိုင်းဖုန်းဆရာတော်ကြီး၏ဆန္ဒအရ”ပါဆာ”ရှိ သဘာဝထိန်းသိမ်းရေး နယ်မြေသို့ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မြို့နယ်သစ်တောဦးစီးဌာန၊မြို့နယ်မွေး/ကု၊မြို့ နယ်သာသနာရေး၊မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်မီး သတ်၊မြို့နယ်ထွေအုပ်တို့မှတာဝန်ရှိသူများက ယင်း ကျောင်းဝန်းသို့သွားရောက်၍ ကြည့်ရှုစစ်ဆေးကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

မွေးမြူထားသည့် တိရစ္ဆာန်များထဲမှအိမ်မွေးတိ ရစ္ဆာန်အချို့ကိုသာ ဆက်လက်မွေးမြူထားရန်နှင့်ကျန်တိရစ္ဆာန်များအား သစ်တောဌာန၏ အစီအ စဉ်ဖြင့်လွှတ်ပေးရန် ဆွေးနွေးသဘောတူခဲ့ကြသည်။

အဆိုပါ တောရိုင်းတိရစ္ဆာန်များအား လွယ်ယွန်းခမ်းဘုရားကျောင်းဝန်းအတွင်း၌ ပြီးခဲ့သည့် ၃ နှစ်ခန့်မှစတင်ကာ မွေးမြူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်

Leave a Reply

Your email address will not be published. Required fields are marked *