၃ ရက်အတွင်းငွေဝင်မည် ယုံကြည်သူများအတွက်သာ – ငွေ၀င် လာဘ်ရွှင်ချင်း ဆီသို့

Posted on

အကြွေးတောင်းရ ခက်ခဲနေသူများတစ်ခါ တစ်ခါ စားသောက်ဆိုင် လာဘ်ဘက်ရည်ဆိုင်များ လူ၀င်ပါးပြီး နည်းလာသော အခါ အသုံးပြုကြည့်ပါ။

အခြားမည်သူမဆို လုပ်ငန်းမှာ လာဘ်ရွှင် ချင်သူများ အသုံးပြုကြည့်ပါ။

ဤ ယတြာ ဖြင့် အကြွေးပြန်ရသွားသူများ၊ လာဘ်ပွင့် သွားသူများ မနည်းပါဘူး။စား သောက်ဆိုင် အခြားအရောင်းဆိုင် များလည် လာဘ်ပွင့်အောင် အသုံးပြု နိူင်ပါတယ်။

မိမိ မွေးနေ့က စတင်၍ ပြုလုပ်ရပါမယ်။
မိမိမွေးနေ့ နေမထွက်ခင် စောစောထပြီး
နေထွက် ခါစမှာ သဗ္ဗမင်္ဂလာ ဂါထာတော်ကြီးကို ပုတီး ၃ ပက် စိပ်၍ မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးကိုပူဇော်ရပါမည်။

တစ်ပုဒ်အဆုံး ပုတီး ၁ လုံးချ စိပ်ရပါမယ်။

မည်သူမဆို ဤနည်းဖြင့် စတင်လိုက်ပါ။

မိမိ ကိုင်သည့် ပိုက်ဆံအိတ်များ ဇစ်ဖွင့်တဲ့ အခါ သဗ္ဗမင်္ဂလာ ဂါထာတော်ကြီး ရွတ်ဖတ် ၍ ဖွင့်ပါ။ဇစ်ပိတ်တဲ့ အခါ၌ လည် ရွတ်ဖတ်ပါ။

ဇစ်စဖွင့် လိုက်သည်နှင့် ဟိုဘက် အဆုံး အရောက်ဂါထာတစ်ပုဒ် အဆုံး ကွက်တိကျအောင် ရွတ်ဖတ်ပါ။ပိတ်တဲ့ အခါလည် ဇစ် ပိတ်မိတဲ့ အဆုံးနှင့် ဂါထာ အဆုံး အံဂွင်ကျ ဖြစ်အောင် ရွတ်ဖတ်ပါ။

မကျ ခဏ ထိုသို့ ပြုလုပ်ပြီး ကျင့်သား ရလာပါလိမ့်မည်။ညအခါ ပိတ်ထားသော ဇစ် အရေးကြီး ကိစ္စမရှိပဲ ထပ်မဖွင့်ပါနှင့်။

စားသောက်ဆိုင် များ အခြားအရောင်းဆိုင်များနေ့အခါ ရောင်းရသမျှ ညအခါ ထိုပိုက်ဆံ အိတ်ထဲ အကုန်စုထည့် ပြီး ဇစ်ပိတ်ထားပါ ထပ်မဖွင့်ပါနှင့်။နေ့အခါ၌သာ ယူ သုံးစွဲပါ။

မည်သည့်ဆိုင်မဆို ယခုကဲ့သို့ ပြုလုပ်ခြင်း အားဖြင့်ငွေ၀င်ကောင်းလာခြင်း ။လာဘ်ပွင့် လာခြင်း။ ။ငွေဝင်အားများ ကောင်းလာပါလိမ့်မည့်။

အကြွေးမရသေး သူများ အတွက်။ယခု ကဲ့သို့ ပြုလုပ်ခြင်းမျက်မမြင်များ ပေါင်မုန့်လှူဒါန်းခြင်း။ကလေးသူငယ် ကျန်းမာရေး ကိစ္စများ ကူညီခြင်းများ အစားအဟာရ လှူဒါန်းခြင်းများ ပြုလုပ်ပါ။အကြွေးတွေ တဖြေးဖြေး ပြန်ရလာပါလိမ့်မယ်။

ဆရာဘုန်းသီဟ
Crd

Leave a Reply

Your email address will not be published. Required fields are marked *