နေပြည်တော်။ မတ် ၁၂
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့သည် လူငယ်ထုအတွင်း မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် စိတ်ပြောင်းဆေးဝါးအသစ်များ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပြီး
ချောကလက်ကဲ့သို့ မုန့်များအား ဆေး ခြောက် အဆီဖြင့် ရောစပ်၍ Online ပေါ်မှ ရောင်းချခြင်းများအား လူငယ်များအတုယူမှား မသုံးစွဲမိ စေရန်အတွက် ဘက်ပေါင်းစုံမှချဉ်းကပ်သည့် နည်းလမ်းများဖြင့်
တားဆီးနှိမ်နင်းရေးဆောင်ရွက်လျက်ရှိရာ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်၊ (၁၆၆)လမ်းမပေါ်တွင် မဆုသက်မွန်(ခ)ပုံ့ပုံ့ အား
ဆေးခြောက် ၆၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်သည့် တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ တိုက်(၂၀)ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ ပလတ် စတစ်အိတ်ဖြင့်ထည့်လျက် ဆေးခြောက် ၂၄၀ ဂရမ်၊ ဖန်ပုလင်းဖြင့်ထည့်လျက် ဆေးခြောက်အဆီ ၆ဝ စီစီ၊
ရေခဲသေတ္တာအတွင်းမှ ဆေးခြောက် အဆီဖြင့်ရောနှောပြုလုပ်ထားသည့် ချောက လက်မုန့် ၁၂၄ ခု၊ ဆေးခြောက်မုန့် ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၁၆ ခုနှစ်မှစ၍ ဆေးခြောက်အဆီ ထုတ်သည့်နည်းပညာအား Online မှ စတင်လေ့လာခဲ့ကြောင်း၊ ၂ဝ၂၂ ခုနှစ်၊
ဩဂုတ်လမှစတင်၍ ဆေးခြောက်များအား Online ပေါ်မှတစ်ဆင့်ဝယ်ယူပြီး ချောက လက်မုန့်များ အတွင်းသို့ ဆေးခြောက်အဆီများရောနှောပြုလုပ်၍ လူငယ်များအား Online မှတစ်ဆင့် ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် မဆုသက်မွန်(ခ)ပုံပုံ အား မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်းနှင့် ဝိသမလောဘသားများအနေဖြင့် ၎င်းတို့ ငွေရလိုမှုတစ်ခုတည်းကိုသာကြည့်ပြီး ကျောင်းသား လူငယ်များနှင့် လူငယ်များအကြား ထင်ယောင်ထင်မှားပြု၍
ယခုထက်ပိုမိုပြီး ဆေးခြောက်များ ဆက် စပ်ပါဝင်သော အစားအသောက်များကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ရောင်းချမှုများအပေါ် မိမိနိုင်ငံ၏ တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူခြင်းဖြင့်
ကြိုတင်ကာကွယ်တားဆီးလျက်ရှိသည်ကို မိဘပြည်သူများအား အသိပေးတိုက်တွန်း တင်ပြထားရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။