မန္တလေးမြို့ရှိ နာမည်ကြီး ဒေါ်တော မုန့်တီဆိုင်ကို မတ်လ ၁၂ ရက် မနက် ၆နာရီခန့်က အမည်မသိ အမျိုးသား ၂ဦးဝင်ရောက်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။
ယင်း ဓားပြတိုက်ခံရမှုဖြစ်စဉ်အတွင်း ဆိုင်ပိုင်ရှင်၏ လက်၀တ်ရတနာ (ခန့်မှန်း သိန်း ၁၀၀ ကျပ်တန်ကြေးရှိ) များ ပါသွားကြောင်း သိရသည်။
မန္တလေးမြို့တွင် ဒေါ်တော မုန့်တီဆိုင် ၂ ဆိုင်ရှိပြီး အခင်းဖြစ်ပွားသည့် ဆိုင်မှာ မန္တလေးမြို့၊ ၂၆ လမ်း၊ မြို့တော်ဥယျာဉ်အရှေ့ဘက် ဖို့ကုန်းရပ်တွင်ဖွင့်လှစ်ထားသည့် ဆိုင်ဖြစ်သည်။
ဓားပြနှစ်ဦးသည် အသက် ၃၀မှ ၄၀ကြား သက်လက်ပိုင်းအရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး ဆိုင်ကယ်ဖြင့် ရောက်လာကာ ဆိုင်ပိုင်ရှင်ကို သေနတ်ထောက်၍ ကျန်စာသောက်သူများကို ထိုင်ခိုင်းထားကာ လက်၀တ်ရတနာများကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ရောင်လာတယ်။ ဆိုင်ကယ် ဦးထုတ်အပြင် နှားခေါင်းစည်းတွေပါ တပ်ထားတာ။ တယောက်က သေနတ်နဲ့ တယောက်က လက်ပစ်ဗုံးနဲ့ ခြိမ်းခြောက်ပြီး တိုက်သွားတာ” ဟု မျက်မြင်တဦးက ပြောသည်။
အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းသို့ အမှုဖွင့်လှစ်တိုင်ကြားထားကြောင်း သိရသည်။
မန္တလေးမြို့တွင် ယခုနှစ်လပိုင်းအတွင်း ဓားပြတိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သည်။