Top Phoenix၊ မတ် ၁၀/၂၀၂၃
ရန်ကုန်တိုင်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ် ၁၇ ရပ်ကွက် ရွှေရင် အေးကျောင်းလမ်းတွင် မတ်လ ၉ ရက် ည ၈နာရီခွဲခန့်က
အငှားယာဉ် ငှားစီးလာသူ ၂ ဦးက ယာဉ်အားလုယူ ထွက်ပြေးသွားကြောင်း ရပ် ကွက်နေသူတွေထံက သိရသည်။
ယာဉ်မောင်း ကျော်ဇေယျမောင်းနှင်လာသော 6G 9507 AD van ခဲရောင်အငှားယာဉ်အား အင်းစိန်မြို့နယ် အောင်ဆန်းဈေးမှ
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မီးခွက်ဈေးသို့ အမည်မသိအမျိုးသားနှစ်ဦးမှငှါးရမ်းသဖြင့် လိုက်လာစဉ် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ၁၇ ရပ်ကွက်
ရွှေရင်အေးကျောင်းလမ်းနားအရောက်တွင် အဆိုပါအမျိုးသား ၂ ဦးမှ မော်တော်ယာဉ်အား လုယူထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။
အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာမှ စုံစမ်းနေကြောင်း သိရသည်။