ရန်ကုန်မြို့အတွင်းပြေးဆွဲနေသည့် YBS ယာဉ်မတော်တဆမှုဖြင့် ၂၀၂၂ ခုနှစ်အတွင်း သေဆုံးသူ ၄၀ ဦးခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။
၂၀၂၂ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၇၈ မှုရှိပြီး သေဆုံးသူ ၃၈ ဦးနှင့် ဒဏ်ရာရရှိသူ ၉၃ ဦးရှိကြောင်းYRTC မှတွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန် က ဆိုသည်။
“မတော်တဆမှုကြောင့် YBS ယာဉ်မောင်းသေတာရော၊ ခရီးသည်သေဆုံးတာရော အကုန်လုံး ၃၈ ယောက်” ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှုငါးမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရရှိသူ ၁၁ ဦးရှိကြောင်း၊ ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆမှု ငါးမှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦးနှင့် သေဆုံးသူမရှိကြောင်း YRTC ထံမှသိရသည်။
သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဒေဝူးကားမှတ်တိုင်အနီး (၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်) က ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှု/CJ