ကျွန်တော့်ကိုငယ်ငယ်ထဲကဟင်းချက်ကျွေးခဲ့ဖူးသူတွေအများကြီးပေါ့ အမေချက်တဲ့ဟင်းတွေ သိပ်ကြိုက်လို့ ရှူတင်တွေဆိုရင်တောင် ထမင်းချိုင့်ယူတချို့အဖွဲ့သား တွေနဲ့ခွဲဝေစားခဲ့တာ
နောက်ပိုင်းမိန်းမကလဲအမေ့လက်ရာနဲ့မတိမ်းမယိမ်းချက်တတ်ပါ့ အမေ့လက်ရာလည်းလွမ်းပါ့ကျွန်တော့်ဘဘကြီးချက်တဲ့ ဂဏန်းမဆလာ
ကိုငဲချက်တဲ့ အင်းထဲကဆေးခါးဟင်း
အာဇာနည်ချက်တဲ့ (ဟင်းမျိုးစုံဆိုတော့မေ့)
ကြက်ကိုင်တာတော့ရှယ်ကြက်သားပြောပါတယ်။ ကိုပေါက်တုတ်ထိုး ကြိုက် ဆိတ်သား ကြွေလက်ရာမျိုးစုံစားဖူးတယ်ပေါ့လေ
ခုမှပဲ ဟင်းချက်ရတဲ့ စိတ်ချက်ပြီးစားချင် စဖွယ်လိုက်ဖက်မှုဖြစ်အောင်ထားရပြင်ဆင်ရတဲ့စေတနာနဲ့အနုပညာအမယ်လေးစုံအောင် ဟင်းလေးချက်ရင်းငရုတ်သီးလေးခူးကြက် သွန်ငါးပိလေးရောထောင်းလုပ်ကျွေး ရတဲ့ပီတိအရသာသိရပါတယ်ခင်မျာ
အဓိကတော့ကျွန်တော့်ရဲဘော်တွေဟင်းစား လေးရှာအရသာရှိအောင်ချက်ကျွေးချင်မိတာပါ။ လွမ်းတယ် လွမ်းနေတယ်။ အစားလေးတစ်လုပ်စားလို့အရသာရှိတာလေးဆိုခွဲဝေမကျွေးနိုင်တာကိုပဲတာဝန်မကျေသလိုလိပ်ပြာမလုံခံစားနေရပါတယ်
ကျွန်တော်သတိရနေတဲ့အကြောင်းပါဗျ