မနေ့ညပိုင်းနဲ့ ဒီကနေ့မနက်အစောပိုင်း လေပြင်းတိုက် မိုးကြီးခဲ့တဲ့နောက်မြင်ကွင်းများ

Posted on

မနေ့ညပိုင်းနဲ့ ဒီကနေ့မနက်အစောပိုင်း လေပြင်းတိုက် မိုးကြီးခဲ့တဲ့နောက် ဒီကနေ့မတ်လ၁၃ရက် မနက် မှာ ရန်ကုန် – ပြည်လမ်း ပေါ် ပဲခူးတိုင်း ထဲက မင်းလှတာဆုံနဲ့ သပြေဆန်းကြားမှာ သစ်ပင်တွေလဲပြိုနေတဲ့ မြင်ကွင်း‌ နဲ့ မင်းလှမြို့နယ် ထဲကနေအိမ်အချို့ ပျက်စီးတဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။

အခုရက်ထဲ မိုးသက်လေပြင်းကျပြီး မိုးကြီးနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင်အချို့က ခန့်မှန်းချက်တွေပြောခဲ့ပြီးနောက် ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကနေရာအချို့ တွေမှာ မနေ့ညပိုင်း နဲ့ ဒီမနက်ပိုင်းက မိုးကြီးပြီးလေပြင်းတိုက်ခဲ့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ မနက်ပိုင်း ‌ထုတ်ပြန်ချက်မှာတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း နဲ့ အနောက်အလယ်ပိုင်းတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး ကရင် နဲ့ မွန်ပြည်နယ်မှာနေရာကျဲကျဲမိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာလည်းနေရာကျဲကျဲ မိုးသည်းထန်နိုင်တဲ့ အခြေအနေလို့ဆိုပါတယ်။

ဓာတ်ပုံ – စည်သူချို ၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *