သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးဖြစ်သူတို့ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅နှစ်…See more

Posted on

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးကို သက်ငယ်မုဒိမ်းပြုကျင့်မှု၊ အပြင်း အထန်နာကျင်စေမှုများနဲ့

တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာအမှုတွဲမှ ပထမအမှုအတွက် ပြစ်ဒဏ်ချမှတ်ခြင်းကို ဒီကနေ့၊ မတ်လ ၁၃ရက်နေ့စွဲဖြင့် အမိန့်ချမှတ်ခဲ့ကြောင်းသိရပါတယ်။

သရုပ်ဆောင်မင်းရာဇာ၊ ၄င်း၏အမျိုးသမီးဖြစ်သူ ဖူးငုံပွင့်နှင့် မင်းရာဇာမန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတို့ကို ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုဖြင့် မြောက်ဥက္ကလာပတရားရုံးမှအလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်ချလိုက်တာပါ။

မင်းရာဇာအနေဖြင့် သက်ငယ်မုဒိမ်းမှုကို ခရိုင်တရားရုံးမှာဆက်လက်ရင်ဆိုင်သွားရမှာဖြစ်ပြီး၊ ယင်းအမှုအတွက် သီးခြားပြစ်ဒဏ်ကို ကျခံရန်ကျန်ရှိနေသေးတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *