ဖုန်းဆင်းကတ်မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့်အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည့်အင်အားဝန်ကြီးဌာန၏ National Database တွင်ရှိသောအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိနေသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့်မှတ်ပုံတင်ထားသည့် ဆင်းကတ်များ အချက်အလက်မမှန်ပါက
ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်းဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြေ ငြာထားသည်။
တိုက်ဆိုင်စစ်ဆေးပြီး အချက်မလက်မမှန်သော ဆင်းကတ်သုံးစွဲသူများကို ရက်ပေါင်း (၃၀) အတွင်းမှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ရန် sms ပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။
အသိပေးစာတိုများရရှိပြီး ရက်ပေါင်း (၃၀) အတွင်းမှတ်ပုံမတင်ပါက အထွက်ခေါ်ဆိုခြင်း၊ အထွက်စာတိုပေးပို့ခြင်း၊ဒေတာအသုံးပြုမှုရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပြီး
ထိုသို့ One Way Block ဆောင်ရွက်ထားသည့် အချိန်မှစ၍ ရက်ပေါင်း (၉၀) အတွင်းပြန်လည်မှတ်ပုံတင်ရမည်ဖြပြီး
ပြန်လည်ပြင်ဆင်မှတ်ပုံမတင်ပါက အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ဆင်းကတ်များကို သက်ဆိုင်သည့်အရောင်းဆိုင်များတွင် ပြန်လည်မှတ်ပုံတင်ရန် ထပ်မံအသိပေးကြေညာထားသည်။