နေ့စဥ် သတင်းစုံ
မတ်လ ၁၅ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံးသွားတယ်လို့ တုသိတာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီနေ့ မတ်လ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်မှာ ကျောက်သယ်ကားနဲ့ ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်တော့ဘဲ ထိပ်တိုက် တိုက်မိရာကနေ ဆိုင်ကယ်မောင်းသူ ဦးခေါင်းပေါက်ပြီး သေဆုံးသွားတာပဲ ဖြစ်ပါတယ်။
တုသိတာအသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က ဖြစ်ပြီးမှ ရောက်တာဆိုတော့ ဘယ်သူမှား ဘယ်သူမှန်လည်း မသိရဘူး။ ဆိုင်ကယ်မောင်းတဲ့ အမျိုးသားကတော့ အဲမှာဘဲ သေသွားတာ။ အဲနားမှာ သွေးတွေဘဲ။ အခုတော့ သူ့ကို ရင်ခွဲရုံ ပို့ထားတယ်”
သေဆုံးသူဟာ ပြင်ဦးလွင်မြို့နယ် ဖောင်းတောရွာနေ မောင်အောင်မင်း (၂၂ နှစ်)ဆိုသူဖြစ်ပြီး ကားသမားကတော့ ကားမောင်းပြီးတော့ ထွက်ပြေးသွားပါတယ်။
#ပြင်ဦးလွင်
#ဓာတ်ပုံ- SW