အခက်အခဲအမျိုးမျိုး‌ကြောင့် လိုက်မကြည့်နိုင်ပဲ ထမင်းချိုင့်တစ်လုံးနဲ့ ကျောင်းလွှတ် လိုက်တဲ့…

Posted on

ဒီကလေးလေးရဲ့ မိဘတွေကိုကျနော်လေးစားတယ် ၊ အခက်အခဲအမျိုးမျိုးကြောင့် ကိုယ့်ကလေးကိုလိုက်မကြည့်နိုင်ပဲ ထမင်းချိုင့်တစ်လုံးနဲ့ ကျောင်းလွှတ်လိုက်တဲ့ သတ္တိကိုလည်း ချီးကျုးတယ် ၊

ဒီနေရာမှာ ငါ့သားလေး သူစိမ်းတွေကြားမှာ မျက်နှာငယ်မှာစိုးလို့ဆိုတဲ့ တလွဲအတွေးတွေ ၀င်နေရင် ဒီကလေးရင့်ကျက်မလာတော့ဘူး ၊ လူတောမတိုးရဲတော့ဘူး ၊

KG တန်းမှာ နှစ်ဆင့်ချိုင့်ကို ကိုယ့်ဘာသာကိုဖွင့်ပြီး စားတတ်နေပြီဆိုတာ သူအတွက် ကြီးမားသောအောင်မြင်မှုပါ…

ရင့်ကျက်မှုဆိုတာ အသက်အရွယ်အပေါ်မှာ မူမတည်ဘူး၊ ကြုံလာတဲ့ လောကဓံနဲ့ပဲသက်ဆိုင်ပါတယ် ၊

Fighting Baby 😍
#CD

Leave a Reply

Your email address will not be published. Required fields are marked *