မတ်လ ၁၆
ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၅ ပေ တံတားမှာ ကားက ဆိုက်ကားကို တိုက်ပြီးမောင်းနှင် ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့
မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေး အသင်းမှ သိရပါတယ်။
ဖြစ်စဉ်မှာ မတ်လ ၁၅ ရက်နေ့ ၁၀ နာရီခွဲကျော်အချိန်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၅ ပေ တံတားမှာ မသန်စွမ်း ဆိုက်ကားနင်းသူ
မောင်းနှင်လာတဲ ဆိုက်ကားကို ကားတစ်စီးက တိုက်မိပြီးထွက်ပြေးသွားတာဖြစ်ပါတယ်။
ယင်းဖြစ်စဉ်ကြောင့် ခြေတစ်ဖက်မသန်တဲ့ ဆိုက်ကားနင်းသူ အပါအဝင် အမျိုးသား ၁ ဦး ၊အမျိုးသမီး ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိပြီး
ဆိုက်ကားနင်းသူမှာ ရန်ကုန် ဆေးရုံကြီးအရောက်မှာတော့ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ကို မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေး အသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်း နှင့်
AYT.အောင်ရဲသူလူမှုကူညီရေးအသင်းတို့ မှ ကူညီဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာယာဥ်ထိန်းချိတ်ဆက်၍ ဆိုက်ကားအားအပ်နှံပြီး
ရန်ကုန်ဆေးရုံကြီး အရေးပေါ်တွင်ရောက်ရှိနေသော သေဆုံးသူ ဆိုက်ကားဆရာဇနီး နှင့် မိသားစု အား ဆိုက်ကားဘက်ထရီအိုး ၆ လုံး နှင့် ကွန်ထရိုးစက်အားအပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။